Social Icons

Pages

Friday, March 16, 2018

မန္တလေးမြို့တွင် ကျင်းပမည့် တောသင်္ကြန်တွင် ညပိုင်းဈေးရောင်းချမည့် ဆိုင်ခန်းပေါင်း ၁၈ဝ နှင့် နေ့ရောညပါရောင်းချမည့် ဆိုင်ခန်းပေါင်း ၄၁ ခန်းကို နေရာချထားပေးမည်



မန္တလေး ၁၆-၃-၂ဝ၁၈

ယခုနှစ်မန္တလေး သင်္ကြန်ပွဲတော်တွင် ပထမဆုံးအကြိမ်အဖြစ် ကျုံးအရှေ့ဘက်ခြမ်းတွင် ကျင်းပမည့် တောသင်္ကြန်ပွဲတော်တွင် ညပိုင်းဈေးရောင်းချမည့် ဆိုင်ခန်းပေါင်း ၁၈ဝ နှင့် နေ့ရောညပါရောင်းချမည့် ဆိုင်ခန်းပေါင်း ၄၁ ခန်းကို နေရာချထား ပေးသွားမည် ဖြစ်ကြောင်း မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီအခွန် (ရာပြတ်ဌာနခွဲ) မှ ဌာနခွဲမှူး ဦးသန်းမြင့်အောင်က ပြောပြ၍ သိရသည်။

တောသင်္ကြန်ပွဲတော်တွင် ညပိုင်း၌ မြန်မာ့ရိုးရာ အစားအစာများနှင့် အမှတ်တရပစ္စည်းများ ရောင်းချနိုင်ရန် တစ်ခန်းလျှင် ၁ဝ ပေပတ်လည် အကျယ်အဝန်းရှိ ဆိုင်ခန်းပေါင်း ၁၈ဝ ကိုလမ်း ၂ဝ မှ ၂၄ လမ်းထိ ဦးရာလူစနစ်ဖြင့် အခမဲ့နေရာ ချထားပေးမည် ဖြစ်ပြီး နေ့ရောညပါ ရောင်းချမည့် ဆိုင်ခန်းပေါင်း ၄၁ ခန်းကို ၂၅ လမ်းမှ ၂၆ လမ်းထိ နေရာချထား ပေးမည်ဖြစ်ကာ အဆိုပါဆိုင်ခန်း ၄၁ ခန်းအတွက် တစ်ခန်းလျှင်ငွေကျပ် ငါးသိန်းနှုန်းနှင့် အာမခံငွေကျပ်ငါးသောင်း ပေးသွင်းရမည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် ခရီးသွားလုပ်ငန်းကို ပိုမိုမြှင့်တင်နိုင်ရန်အတွက် တောသင်္ကြန်ကို ထည့်သွင်းကျင်းပခြင်း ဖြစ်ပြီး အဆိုပါ တောသင်္ကြန်တွင် ရိုးရာအစားအစာ ရောင်းချမည့်ဆိုင်များ၊ အမှတ်တရ ပစ္စည်းများ၊ စာအုပ်ဆိုင်များ၊ဂန္ထ၀င်ရုပ်ရှင်ကား ဟောင်းများ ပြသမည့် ပိတ်ကားထောင်ရုပ်ရှင်၊ မြန်မာ့ရိုးရာရုပ်ကြီးစင်၊ ဆင်အက၊ အိုးစည်ဝိုင်း၊ ဒိုးပတ်ဝိုင်း၊ ခြင်းလုံးအလှပြခတ်၊ ချောတိုင်တက်နှင့် မြန်မာ့ရိုးရာ သနပ်ခါးလူးပွဲများ  လည်းပါဝင်မည် ဖြစ်ကြောင်း သိရသည်။

ယခုနှစ် မန္တလေးသင်္ကြန်တွင် အကျယ် (၁ဝဝx၂၅)ပေရှိ မဏ္ဍပ်ကြီးများကို ကျုံးအရှေ့ဘက် ၆၆ လမ်းပေါ်တွင် ၁၂လမ်းမှလမ်း ၂ဝ ထိ မဏ္ဍပ်ကြီးခုနစ်ခု၊ ကျုံးမြောက်ဘက် ၆၆ လမ်းမှ လမ်း ၈ဝထိ မဏ္ဍပ်၁ဝ ခု ကျုံးအနောက် ဘက်တွင် ၁၉လမ်းမှ ၂၆(B) လမ်းထိ မဏ္ဍပ်ကိုးခုကို လေလံစနစ်ဖြင့် နေရာချ ထားပေးမည်ဖြစ်ပြီး အဆိုပါမဏ္ဍပ်ကြီးများ ကြားတွင် ပေ ၃ဝနှင့် ၁၂ ပေရှိ ရေကစားမဏ္ဍပ်များနှင့် ကျုံးတောင်ဘက် လမ်းလျှောက်သင်္ကြန်တွင်ဦးရာလူစနစ်ဖြင့် နေရာချထား ပေးမည်ဖြစ်ပြီး မဏ္ဍပ်ကြီးများကို မတ် ၃၁ ရက်မှ ဧပြီ ၉ ရက်ထိ ဆောက်လုပ်ခွင့်ပြုရန် သတ်မှတ်ထားကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...