Social Icons

Pages

Friday, March 16, 2018

၂၀၁၇-၂၀၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲနှင့် ဆုချီးမြှင့်ပွဲကျင်းပ


ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းအသင်းလိုက် (အကျောမဲ့) ပြိုင်ပွဲတွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းအား တံခွန်စိုက်ဆု ပေးအပ်ချီးမြှင့်စဉ်။

တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း ၊ ရေ၊ လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲ ဖွင့်ပွဲ အခမ်းအနားတက်ရောက်လာ ကြသူများ အမှတ်တရစုပေါင်း ဓာတ်ပုံရိုက်စဉ်။

နေပြည်တော် ၁၆-၃-၂ဝ၁၈

နိုင်ငံ့ဂုဏ်ဆောင် တပ်မတော်သား ဂေါက်သီးရိုက်အားကစား သမားများ ပေါ်ထွက်လာစေရန်နှင့် တပ်မတော်သားများ၏ ဂေါက်သီးရိုက် အားကစားအဆင့် အတန်းမြင့်မားလာစေရန် ရည်ရွယ်ချက်ဖြင့် နှစ်စဉ်ကျင်းပပြုလုပ်လျက် ရှိသည့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဖလား၊ တပ်မတော်(ကြည်း၊ရေ၊လေ) ဂေါက်သီး ရိုက်ပြိုင်ပွဲဖွင့်ပွဲနှင့်ဆုချီးမြှင့်ပွဲ အခမ်းအနားအား ယနေ့တွင်ကျင်းပပြုလုပ်ရာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ကိုယ်စား ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း တက်ရောက်ဖွင့်လှစ်၍ ဆုများချီးမြှင့်သည်။

၂၀၁၇-၂၀၁၈ ခုနှစ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား၊ တပ်မတော် (ကြည်း၊ရေ၊လေ) ဂေါက်သီးရိုက် ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားအား နေပြည်တော် ဂေါက်ကွင်းတွင်ကျင်းပပြုလုပ်ခဲ့ရာ ဦးစွာ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့်အဖွဲ့ဝင်များသည် အားကစားသမားများကို ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကြသည်။ ထို့နောက်တီခုံအမှတ် (၁)၌ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း)၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ရေ၊လေ)၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)၊ ကာကွယ်ရေးဦးစီးချုပ်(လေ)၊ စစ်ရေးချုပ် နှင့် စစ်ထောက်ချုပ်တို့က Smoke Ball အားရိုက်၍ဖွင့်လှစ်ပေးကြပြီး ပြိုင်ပွဲဝင် အားကစားသမားများနှင့်အတူ အမှတ်တရစုပေါင်းဓာတ်ပုံရိုက်ကြသည်။ ထို့နောက် ပါဝင်ယှဉ်ပြိုင်ကြမည့်ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများက သတ်မှတ်တီခုံ အသီးသီးတွင် ပါဝင်ယှဉ်ပြိုင်ကစားကြသည်။

ယင်းနောက် ယနေ့ညနေပိုင်းတွင်ဆုချီးမြှင့်ပွဲအားကျင်းပပြုလုပ်ရာ ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းနှင့် အတူပြည်ထောင်စုဝန်ကြီးများဖြစ်ကြသည့် ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေနှင့် ဒုတိယဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေးဦးစီးချုပ်(ရေ)ဗိုလ်ချုပ်ကြီး တင်အောင်စန်း၊ ကာကွယ်ရေးဦးစီးချုပ်(လေ) ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်၊ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ တပ်မတော်အရာရှိကြီးများ၊ ပြိုင်ပွဲဝင်အသင်းများမှ အားကစားသမားများနှင့် ဒိုင်အဖွဲ့ဝင် များတက်ရောက်ကြသည်။

ဆုများချီးမြှင့်ရာတွင်စစ်ထောက်ချုပ် ဒုတိယဗိုလ်ချုပ်ကြီး ညိုစော က လိုင်းနှင့်အနီးဆုံးရိုက်ချက်ဆုနှင့် ဒုတိယ နေ့ကျင်းနှင့်အနီးဆုံးရိုက်ချက်ဆုရရှိသူများကိုလည်းကောင်း၊ စစ်ရေးချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဆန်းဦးက ပထမနေ့ကျင်းနှင့်အနီးဆုံးရိုက်ချက်ဆုနှင့် နေ့အလိုက် အဝေးဆုံးရိုက်ချက်ဆုရရှိသူများကိုလည်းကောင်း၊ ဒုတိယဗိုလ်ချုပ်ကြီး အောင်ကျော်ဇောက တစ်ဦးချင်း(အကျောပေး) ပြိုင်ပွဲနှင့်တစ်ဦးချင်း(အကျောမဲ့)ပြိုင်ပွဲများ တွင် Par အများဆုံးဆုနှင့် Birdie အများဆုံးဆုရရှိသူများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ် (လေ)ဗိုလ်ချုပ်ကြီး မောင်မောင်ကျော်က Eagle အများဆုံးဆု၊ Hole in One ဆုနှင့်တစ်ဦးချင်း အကျော ပေးပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသူများကိုလည်းကောင်း၊ ကာကွယ်ရေးဦးစီးချုပ်(ရေ) ဗိုလ်ချုပ်ကြီး တင်အောင်စန်းက တစ်ဦးချင်းအကျောမဲ့ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယဆုရရှိသူများနှင့် အသင်းလိုက် (အကျောပေး)ပြိုင်ပွဲ၊ အသင်းလိုက်(အကျောမဲ့)ပြိုင်ပွဲတို့တွင် တတိယဆု ရရှိသူများကို လည်းကောင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ရေ၊လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးက အသင်းလိုက် (အကျောပေး) ပြိုင်ပွဲနှင့် အသင်းလိုက်(အကျောမဲ့) ပြိုင်ပွဲတို့တွင် ဒုတိယဆု ရရှိသူများကိုလည်းကောင်း ဆုများအသီးသီး ပေးအပ်ချီးမြှင့်ကြသည်။

ထို့နောက် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ် (ကြည်း)ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အသင်းလိုက်(အကျောပေး)ပြိုင်ပွဲတွင် ပထမဆုရရှိသော ကာကွယ်ရေးဦးစီးချုပ်ရုံး(လေ)အသင်းနှင့် အသင်းလိုက်(အကျောမဲ့) ပြိုင်ပွဲတွင် ပထမဆုရရှိသော အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်အသင်းတို့အား တံခွန်စိုက် ဆုများပေးအပ်ချီးမြှင့်သည်။

အဆိုပါဆုချီးမြှင့်ပွဲအခမ်းအနားတွင် ပြည်သူ့ဆက်ဆံရေးနှင့်စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူးရုံးကွပ်ကဲမှု အောက် မြ၀တီတေးဂီတအဖွဲ့က တေးသီးချင်းများဖြင့်သီဆို ဖျော်ဖြေခဲ့ကြသည်။ ၂၀၁၇-၂၀၁၈ ခုနှစ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ဖလား တပ်မတော်(ကြည်း၊ရေ၊လေ)ဂေါက်သီးရိုက်ပြိုင်ပွဲအား တိုင်းစစ် ဌာနချုပ်အသီးသီးမှ ပြိုင်ပွဲဝင်အသင်း ၁၈ သင်းဖြင့် နေပြည်တော်ရှိ ဇေယျာသီရိဂေါက်ကွင်းနှင့်ရေပြာ ဂေါက်ကွင်းတို့တွင် မတ်လ ၁၄ ရက်မှယနေ့အထိယှဉ်ပြိုင် ကစားခဲ့ကြကြောင်း သတင်းရရှိသည်။

#Themyawadydaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...