Social Icons

Pages

Monday, February 19, 2018

နေအိမ်အပေါ်ထပ်ရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသော ပန်ကာဖွင့်ထားခဲ့ရာမှ ပန်ကာအတွင်းရှိကွိုင် အပူလွန်ကဲ၍ မီးလောင်မှုဖြစ်ပွား



မန္တလေး ၁၉-၂-၂ဝ၁၈

မန္တလေး ချမ်းမြသာစည် မြို့နယ်မြို့သစ် (၄) ရပ်ကွက် (၆ဝ×၆၁) လမ်းကြား၊ ဇွန်လမ်းနှင့် ပိတောက်လမ်းကြား၊ ပိုင်ရှင် ဒေါ်ခင်စန္ဒာထွေး (ဘ) ဦးအုန်းမောင်၏ (၂ဝ×၄ဝ) ပေ၊သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်း နှစ်ထပ်နေအိမ် အပေါ်ထပ်ရှိ မျက်နှာကြက်တွင် တပ်ဆင်ထားသော ပန်ကာဖွင့်ထားခဲ့ရာမှ ယနေ့ နံနက် ၁၁ နာရီ ၅၅ မိနစ်တွင် ပန်ကာအတွင်းရှိ ကွိုင်အပူလွန်ကဲ၍ မီးလောင်မှု စတင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ မီးလောင်မှုဖြစ်ပွားရာသို့ တိုင်းဒေသကြီး မီးသတ်ဦးစီးမှူး ဦးသန်းဇော်ဦးဦးဆောင်၍ မီးငြှိမ်းသတ်ယာဉ် အစီး၎ဝ၊ မီးသတ်ရေသယ်ယာဉ် ၁ဝ စီး၊ အကူယာဉ် နှစ်စီး၊အုပ်ချုပ်မှုယာဉ် နှစ်စီး၊သန္ဓေ ဦးရေ၈ဝ၊ အရန် ဦးရေ ၂ဝဝ တို့ဖြင့်သွားရောက် ငြှိမ်းသတ်ခဲ့ရာ မီးငြှိမ်းသတ်ရေဂါလန် ၃၂ဝဝဝ၊ မီးကြွင်းမီးကျန် ဂါလန် ၈ဝဝဝ အသုံးပြု ငြှိမ်းသတ်ခဲ့ရာ မွန်းလွဲ ၁၂ နာရီ မိနစ်၃ဝ တွင် မီးလုံးဝငြိမ်းခဲ့သည်။

မီးလောင်မှုကြောင့် (၂ဝ×၄ဝ)ပေ၊ သွပ်မိုး၊ ထရံကာ၊ ပျဉ်ခင်းနှစ်ထပ် နေအိမ်နှစ်လုံး၊ (၂ဝ×၃ဝ) ပေသွပ်မိုး၊ ထရံကာ၊ မြေစိုက်တစ်ထပ် နေအိမ်တစ်လုံး ၊ (၂ဝ×၄ဝ)ပေ RC နှစ်ထပ်တစ်လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး စုစုပေါင်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၃၄၅ဝဝဝဝ ခန့် မီးလောင်ဆုံးရှုံး ခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်နှင့်ပတ်သက်၍ မီးကိုပေါ့လျော့စွာ အသုံးပြုသူ ဒေါ်ခင်စန္ဒာထွေးကို ချမ်းမြသာစည်မြို့နယ်၊ အမှတ် (၁၁) ရဲစခန်းက (ပ) ၇၉/၂ဝ၁၈၊ ဥပဒေပုဒ်မ ၂၈၅ ဖြင့်အမှုဖွင့် အရေးယူဆောင်ရွက် ထားကြောင်း သတင်းရရှိသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...