Social Icons

Pages

Monday, February 19, 2018

ရေစကြိုမြို့နယ်တွင် မြေသားလမ်းများကို ကျောက်ချောလမ်းအဖြစ် အဆင့်မြှင့်တင် ခင်းကျင်း



ရေစကြို ၁၉-၂-၂ဝ၁၈

ရေစကြိုမြို့နယ် စည်ပင်သာယာရေး အဖွဲ့မှ မြို့အင်္ဂါရပ်နှင့် အညီ ပွင့်လင်းရာသီတွင် မြို့တွင်းလမ်းများကို မူလမြေသားလမ်းမှ ကျောက်ချောလမ်း အဖြစ်လည်းကောင်း၊ ကျောက်ချောလမ်းများကို ကတ္တရာလမ်းအဖြစ် လည်းကောင်း အဆင့်မြှင့်တင် ခင်းကျင်းဆောင်ရွက် လျက်ရှိကြောင်း သိရသည်။

"ကျွန်တော်တို့မြို့နယ် စည်ပင်သာယာရေး ကော်မတီနဲ့ မြို့ပေါ်ရပ်ကွက် အုပ်ချုပ်ရေးမှူးတွေ ပူးပေါင်းပြီး မြို့အင်္ဂါရပ်နဲ့အညီ မြို့တွင်းလမ်းတွေ ဖွံ့ဖြိုးဖို့အတွက် တွေ့ဆုံညှိနှိုင်းပြီး လမ်းတွေကို အဆင့်မြှင့်တင် ခင်းကျင်း ဆောင်ရွက်နေပါတယ်။ ယခုနှစ် ဒုတိယသုံးလပတ်အတွက် ကျောက်ချောလမ်း သုံးလမ်း၊ ရေပြွန်တံတား သုံးစင်းဆောင်ရွက်ဖို့ ရန်ပုံငွေကျပ် ၂၃၃ သိန်း ခွင့်ပြုချက်ကျလို့ လက်တွေ့အကောင်အထည်ဖော် ဆောင်ရွက် နေပါတယ်"ဟု မြို့နယ်စည်ပင် သာယာရေး ကော်မတီအတွင်းရေးမှူး ဦးမြင့်ဟန်က ပြောပြသည်။

"ယခုကျွန်တော်တာဝန်ယူ ခင်းကျင်းနေတဲ့လမ်းက အမှတ် (၈) ဇေယျဝတီရပ်ကွက်မှာရှိတဲ့ စက်မှုလယ်ယာလမ်းသွယ် (၁) ဖြစ်ပါတယ်။ မြို့နယ်စည်ပင် သာယာရေး အဖွဲ့ခွင့်ပြုရန်ပုံငွေနဲ့ ဆောင်ရွက်နေတာ လုပ်ငန်းပြီးစီးမှု ကတော့ ၇၅ရာခိုင်နှုန်းပြီးစီးနေပါပြီ"ဟု လက်ထောက် အင်ဂျင်နီယာဦးစိုးနိုင်ဦးက ပြောပြသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...