Social Icons

Pages

Friday, January 5, 2018

မန္တလေးမြို့ ၇ လမ်းနှင့် ၄၂ လမ်းထောင့် ခင်စောမူကွေ့တွင် ယာဉ်ငါးစီးဆင့်ကဲ တိုက်ခိုက်မှုဖြစ်



မန္တလေး ၅-၁-၂ဝ၁၈

မန္တလေး မဟာအောင်မြေမြို့နယ် ချမ်းမြသာစည် မြောက်ရပ်ကွက်၊ ၇၈ လမ်းနှင့် ၄၂ လမ်းထောင့်၊ ခင်စောမူကွေ့၌ ယနေ့ မွန်းလွဲ ၁ နာရီ ၁၅ မိနစ်တွင် ယာဉ်ငါးစီး ဆင့်ကဲတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး လူထိခိုက်ဒဏ်ရာရမှု မရှိကြောင်း သိရသည်။

ခိုင်ရွှေဝါလမ်း၊ ချမ်းမြသာစည် မြို့နယ်နေသူ မိုးမင်းဝင်း (ဘ) ဦးစိန်ဝင်း၊ မောင်းနှင်သည့် 7E/------Canter ယာဉ်သည် Free လမ်းကြောင်းအတိုင်း မောင်းနှင်လာပြီး ရုတ်တရက် ရပ်လိုက်သဖြင့် ၎င်းယာဉ်၏နောက်မှ လိုက်ပါလာသော တင်ဇော်လတ် (ဘ) ဦးတင်ကြီး၊ ၇၉ လမ်း၊ ၃၂x၃၃လမ်းကြား၊ ချမ်းအေးသာစံမြို့နယ်နေသူ မောင်းနှင်လာသည့် 2I/----Alphard ယာဉ်က Canterယာဉ်ကိုလည်းကောင်း၊ ထို့နောက်အောင်ကိုဦး (ဘ) ဦးဝင်းမြင့်၊ စက်မှုလယ်ယာ (၁၁) ရပ်ကွက်၊ တောင်ငူမြို့နေသူ မောင်းနှင်သော 6L/-----Vigo ယာဉ်က Alphard ယာဉ်ကိုလည်းကောင်း၊ ညီညီအောင် (ဘ) ဦးသောင်းလွင်၊ မြစ်ငယ်မြို့ အမရပူရမြို့နယ်နေသူ မောင်းနှင်သော 5G/-----၊AD Van ယာဉ်က Vigo ယာဉ်ကိုလည်းကောင်း၊ ဦးသိန်းမောင် (ဘ) ဦးမြသိန်း မဟာမြိုင် (၂) ရပ်ကွက်၊ မဟာအောင်မြေ မြို့နယ်နေသူ မောင်းနှင်သော D/------Lexus ယာဉ်က AD Van ကိုလည်းကောင်း ဆင့်ကဲတိုက်မိခဲ့ပြီး လူဒဏ်ရာရမှု မရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုနှင့် ပတ်သက်၍ ယာဉ်ထိန်းရဲတပ်ဖွဲ့စု (၁၁)မှ အရေးယူရန် အသေးစိတ်စစ်ဆေး ဆောင်ရွက်လျက်ရှိကြောင်း မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှူးရုံး၊ ဦးစီး (ပ) ဒုတိယရဲမှူးကြီး တင်ဇော်ထွန်းထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...