Social Icons

Pages

Thursday, October 12, 2017

၂ဝ၂ဝပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ၅ဝ ရာခိုင်နှုန်းခန့်အထိ လျှပ်စစ်ဓာတ်အားတိုးမြှင့် ပေးနိုင်ရန် ဟီတာချီစိုးလျှပ်စစ်က DistributionTransformer များပေးပို့မည်



ရန်ကုန် ၁၂-၁၀-၂၀၁၇

၂ဝ၂ဝ ပြည့်နှစ်တွင် မြန်မာနိုင်ငံ၏ ၅ဝရာခိုင်နှုန်းခန့်အထိ လျှပ်စစ်ဓာတ်အားတိုးမြှင့် ပေးဝေနိုင်မည့် အစီအစဉ်အတွက် ဟီတာချီစိုးလျှပ်စစ်က အောက်တိုဘာလမှ စတင်၍ DistributionTransformer များစတင်ပေးပို့သွားမည်ဖြစ်ကြောင်း ဟီတာချီစိုးလျှပ်စစ်၏ သတင်းထုတ်ပြန်ချက် များအရ သိရသည်။

ဟီတာချီစိုးလျှပ်စစ် ( Hitachi Soe Electric & Machinery Co.,Ltd.) မှ အမေရိကန်ဒေါ်လာ ၁၅ သန်းတန်ဖိုးရှိ DistributionTransformer အလုံးရေ ၅၄ဝဝ ခန့်ကိုဝယ်ယူရန် လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက အမှာစာများပေးပို့ထားခဲ့သည်။ မြန်မာနိုင်ငံအနေဖြင့် ၂ဝ၁၆ခုနှစ်က လျှပ်စစ်ပေးဝေနိုင်မှု အချိုးအစားမှာ ၃၇ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ ၂ဝ၃ဝပြည့်နှစ်တွင် ရာခိုင်နှုန်းပြည့် လျှပ်စစ်ပေးဝေ နိုင်ရေးအတွက် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

အဆိုပါ အစီအစဉ်များကို အကောင်အထည် ဖော်ဆောင်ရွက်ရာတွင် ကာလလတ်၊ ကာလရှည်ထိ ရည်မှန်းချက်များ ထားရှိဆောင်ရွက် လျက်ရှိသည်။ ထို့ပြင်၂ဝ၁၅ ခုနှစ် စက်တင်ဘာလတွင် ကမ္ဘာ့ဘဏ်၏ ပံ့ပိုးမှုဖြင့် နိုင်ငံအနှံ့လျှပ်စစ်စွမ်းအား ဖြန့်ဝေရေးစနစ်မှ တစ်ဆင့် မြန်မာနိုင်ငံရှိ အိမ်တိုင်းလျှပ်စစ် ရရှိစေရန် ရည်ရွယ်သည့် Myanmar National Electrification Project ( NEP) ကို ဖော်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် ဟီတာချီစိုးလျှပ်စစ် အနေဖြင့် မြန်မာနိုင်ငံတွင် တည်ငြိမ်သောလျှပ်စစ် စွမ်းအင်ကို ပံ့ပိုးပေးနိုင်ရန် Electrical Transformer များကို အဓိကထားလျက် စွမ်းအင်ပို့ဆောင်ခြင်း ဆိုင်ရာနှင့် ဖြန့်ဖြူးခြင်းဆိုင်ရာ ကိရိယာများထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ တပ်ဆင်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းတို့ကို ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...