Social Icons

Pages

Wednesday, August 2, 2017

ကန်သာယာစင်တာကွန်ဒိုမှ လူနေတိုက်ခန်းများကို အရောင်းပွဲတော် ပြုလုပ်၍ ရောင်းချမည်



ရန်ကုန် ၂-၈-၂၀၁၇

ရန်ကုန်မြို့ မင်္ဂလာတောင်ညွန့် မြို့နယ် ဦးအောင်မြတ်လမ်းနှင့် ကန်ရိပ်သာယာလမ်း ထောင့်ရှိ ကန်သာယာစင်တာကွန်ဒိုမှ လူနေတိုက်ခန်းပေါင်း ၅ဝ ကျော်ကို သြဂုတ် ၅ ရက်နှင့် ၆ ရက်တို့တွင် အရောင်းပွဲ တော်ပြုလုပ်၍ ရောင်းချသွားမည် ဖြစ်ကြောင်း အရောင်းပြပွဲ စီစဉ်ပေးသည့် iMyanmar House.com မှ rS Managing Director ဦးနေမင်းသူက ပြောပြ၍ သိရသည်။

တစ်ခန်းလျှင် ငွေကျပ်သိန်း ၃ဝဝဝ ကျော်မှ ငွေကျပ်သိန်း ၅ဝဝဝထိရှိမည့် အဆိုပါကွန်ဒိုတွင် ဟိုတယ်၊ ရုံးခန်းများ၊ ဘဏ်များ၊ ရေကူးကန်၊ အားကစားရုံနှင့် ဈေးဝယ်စင်တာများပါရှိကာ လုံခြုံရေးအတွက် (၂၄) နာရီဝန်ဆောင်မှုနှင့် CCTV များပါ တပ်ဆင်ပေး ထားကြောင်းသိရသည်။ အဆိုပါ ကွန်ဒိုတွင် လူနေအခန်း၈ဝခန့်ကို ကြိုရောင်းစနစ်ဖြင့် ရောင်းချထားပြီး ဖြစ်ကာ အဆောက်အအုံ အမြင့်မှာ ၂၃ လွှာထိရှိကြောင်း သိရသည်။

''ကားပါကင်လဲ နှစ်လွှာပါပါတယ်။ တိုက်ခန်းတစ်ခန်းကို ကားတစ်စီးအနည်းဆုံး ရပ်လို့ရပါတယ်။ နေရာလွတ်ရှိရင်တော့ ပိုရပ်လို့ ရပါတယ်။ ကွန်ဒိုကနေကြည့်ရင် ရွှေတိဂုံစေတီ၊ ကန်တော်ကြီးတွေ ကိုမြင်ရတယ်။ အရောင်းပြပွဲလုပ် တဲ့ရက်တွေမှာ အခန်းတွေထဲကို ဝင်ရောက်လေ့လာ ကြည့်ရှုနိုင်ပါတယ်'' ဟု ၎င်းက ဆက်လက် ပြောပြသည်။

အဆိုပါ ကွန်ဒိုအခန်းများကို ဘဏ်များနှင့် ချိတ်ဆက်၍လည်း ဝယ်ယူနိုင်ပြီး အရောင်းပြပွဲနေ့တွင် ပရိုမိုးရှင်း အစီအစဉ်များလည်း ပါရှိကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...