Social Icons

Pages

Wednesday, August 2, 2017

ရှင်မတောင် သစ်တောဧရိယာ ၁၃၁၇၅ ဧကကို ဘေးမဲ့ တောအဖြစ် ဆောင်ရွက်မည်



ပခုက္ကူ ၂-၈-၂၀၁၇

ပခုက္ကူခရိုင် ရေစကြိုမြို့နယ်နှင့် မြိုင်မြို့နယ်ကြားတွင် တည်ရှိသော ရှင်မတောင်ဒေသအနီး သစ်တောဧရိယာ ၁၃၁၇၅ ဧကကို ရှင်မတောင် တောရိုင်းတိရစ္ဆာန် ဘေးမဲ့တောအဖြစ် ယခုနှစ်တွင် အပြီးသတ်မှတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ပခုက္ကူခရိုင် သစ်တော ဦးစီးဌာနမှ သိရသည်။

''ရှင်မတောင် တောရိုင်း တိရစ္ဆာန်ဘေးမဲ့တောကို ၂ဝ၁၄ ခုနှစ်ကစပြီး နယ်မြေသစ် ဖွဲ့စည်းလုပ်ကိုင် ခဲ့ပါတယ်။ သတ္တဝါမျိုးစိတ်တွေကို စာရင်းကောက်ယူတာ၊ သစ်ပင်သစ်တောတွေကို စိုက်ပျိုးတာတွေ၊ စာရင်းကောက်တာတွေစတဲ့ ဘေးမဲ့တောဖြစ်မြောက် ဖို့အတွက် လိုအပ်တဲ့ လုပ်ငန်းစဉ်တွေကို လုပ်ကိုင်ခဲ့ပါတယ်။ ဒီနှစ်အတွင်းမှာတော့ ရှင်မတောင် တောရိုင်းတိရ စ္ဆာန်ဘေးမဲ့တောအဖြစ် အပြီးသတ်မှတ်ဆောင်ရွက် သွားမှာပါ''ဟု ပခုက္ကူခရိုင် သစ်တော ဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဦးမျိုးခိုင်က ပြောပြသည်။

အဆိုပါ ဘေးမဲ့တောအတွင်း၌ ရွှေသမင် (အပြောက်)၊ မျောက်ဖင်နီတာ၊ ယုန်၊ တောကြောင်၊ တောကြက်၊ ငုံး၊ဖွတ်၊ပုတတ်၊ တောခွေး၊ ချိုး၊ ခါ၊ ဆက်ရက်၊ ကြက်တူရွေး၊ ရွှေပြည်စိုး၊ တောစာ၊ တောခိုစသည့်သတ္တဝါ မျိုးစိတ်များရှိပြီးဒဟတ်ပန်း၊ ပိတောက်၊ ကျွန်း၊အင်ကြင်း၊ လျှော်ဖြူ စသည့်သစ်ပင် မျိုးစိတ်များလည်း ရှိကြောင်း အဆိုပါ ဦးစီးဌာနမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...