Social Icons

Pages

Wednesday, August 2, 2017

ညောင်ဦးမြို့ ကျောက်ကူးဧရာဝတီမြစ်ဆိပ်အနီး လူငယ်၁၁ဦး ရေဆင်းချိုးရာမှ လေးဦး ရေနစ်မှုဖြစ်ပွား နှစ်ဦး အသက်ရှင်လျက် ပြန်လည်ဆယ်ယူရရှိ



ညောင်ဦး ၂-၈-၂၀၁၇

ညောင်ဦးတွင် ဇူလိုင် ၃၁ ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က ညောင်ဦးမြို့နယ် မြေနဲလေး ကျေးရွာအနီး ကျောက်ကူးဧရာဝတီ မြစ်ဆိပ်တွင် ရှန်မိန်ကျေးရွာမှ လူငယ် ၁၁ ဦးအဖွဲ့ ရေဆင်းချိုးရာမှ လေးဦးရေနစ်မှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ရှန်မိန်ကျေးရွာမှ လူငယ် ၁၁ ဦးအဖွဲ့သည် ပုဂံမြို့သစ်ရှိ လောကနန္ဒာဘုရားပွဲသို့ လာရောက်ခဲ့ကြပြီး ဇူလိုင် ၃၁ရက် မွန်းလွဲ ၃ နာရီ ၁၅ မိနစ်က ညောင်ဦးမြို့နယ် မြေနဲလေး ကျေးရွာအနီးရှိ ကျောက်ကူး ဧရာဝတီမြစ်ဆိပ်သို့ ရေဆင်းချိုးရန် ရောက်ရှိခဲ့ကြောင်း၊ ထိုသို့ ရေဆင်းချိုးရန် ရောက်ရှိချိန်တွင် လူငယ်၁၁ဦး အနက် အောင်မျိုးဝင်း၊ ဇင်ကိုကို၊ ထူးအောင်၊ အောင်ဇေလင်းတို့ လေးဦးမှာ ဧရာဝတီမြစ်အတွင်း ရေ ဆင်းချိုးခဲ့ရာမှ တစ်ဆင့် ရေနစ်မှု ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိ၍ ညောင်ဦးခရိုင် မီးသတ်ဦးစီးဌာန ခရိုင်မီးသတ်ဦးစီးမှူး ဦးသက်နိုင်ဦးဆောင်၍ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင် ၁၂ဦးဖြင့် ရှာဖွေကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း သွားရောက်ကူညီ ဆောင်ရွက်ပေးခဲ့ရာ ရေနစ်သူလေးဦး အနက်နှစ်ဦးကို အသက်ရှင်လျက် ပြန်လည်ဆယ်ယူ ဆောင်ရွက်ပေး နိုင်ခဲ့ပြီး ကျန်လူငယ်နှစ်ဦးကို ည ၈ နာရီထိ ကြိုးပမ်းရှာဖွေ ခဲ့သော်လည်း တွေ့ရှိခြင်းမရှိသေးကြောင်းညောင်ဦးခရိုင် မီးသတ်ဦးစီးဌာနမှ ရှာဖွေကယ်ဆယ်ရေး မီးသတ်တပ်ဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...