Social Icons

Pages

Friday, June 16, 2017

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ချင်းများကို အာရပ်စော်ဘွားများနိုင်ငံနှင့် ဂျာမနီနိုင်ငံဈေးကွက်များထိ တင်ပို့ရောင်းချ



နေပြည်တော် ၁၆-၆-၂၀၁၇

မြန်မာနိုင်ငံမှ စိုက်ပျိုးထွက်ရှိသော ချင်းများကို အိမ်နီးချင်း နိုင်ငံများသို့သာမကဘဲ အာရပ်စော်ဘွားများနိုင်ငံနှင့် ဂျာမနီနိုင်ငံ ဈေးကွက်များထိ တင်ပို့ရောင်းချ ပေးနေရကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသတင်းများအရ သိရသည်။

မြန်မာနိုင်ငံတွင် စိုက်ပျိုးထွက်ရှိ နေသည့်ချင်းသည် တိုင်းရင်းဆေးဝါးနှင့် ဟင်းခတ်အမွှေးအကြိုင် အဖြစ်သာမက ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်းတစ်ခု လည်းဖြစ်သည်။ ပြည်ပဈေးကွက်ဝင် ကုန်ပစ္စည်း ဖြစ်နေသော်လည်း အိမ်နီးချင်းနိုင်ငံများ ဖြစ်သည့် တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံ၊ သီရိလင်္ကာနိုင်ငံ၊ ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ တို့သို့သာ တင်ပို့ရောင်းချပေးနေ ခြင်းဖြစ်သည်။

ယခုအခါ မြန်မာ့ချင်းဈေးကွက် ပိုမိုကျယ်ပြန့်လာကာ အာရပ်စော်ဘွားများ နိုင်ငံနှင့် ဂျာမနီနိုင်ငံ ဈေးကွက်များထိ တင်ပို့ရောင်းချ နေရပြီဖြစ်သည်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သတင်းများအရ မေ ၇ရက်မှ ၁၃ ရက်အတွင်း အမေရိကန်ဒေါ်လာ ၁၉၉၁၄ ဒေါ်လာတန်ဖိုးရှိ ချင်း ၁၅ ဒသမ၉၉၅တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်ရေး လမ်းကြောင်းမှ အာရပ်စော်ဘွားများ ပြည်ထောင်စုနိုင်ငံသို့ တင်ပို့ရောင်းချ ပေးခဲ့ကြောင်း သိရသည်။

ထို့အတူ မေ ၂၈ရက်မှ ဇွန် ၃ရက်ထိ သီတင်းပတ်အတွင်းမှာလည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှု လမ်းကြောင်းမှ အမေရိကန်ဒေါ်လာ ၆၅၂၄၃ ဒေါ်လာတန်ဖိုးရှိ ချင်းတန်ချိန် ၂ဝ၅ ဒသမ ၅တန်တင်ပို့ရောင်းချခဲ့ရာတွင် ဂျာမနီနိုင်ငံသို့ ချင်းတန်ချိန် ၁၈တန်တင်ပို့ ရောင်းချပေးခဲ့ရကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...