Social Icons

Pages

Friday, June 16, 2017

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်ငွေကျပ် ၇၆၃ဒသမ ၇၂၃သန်း အကုန်အကျခံ လုပ်ဆောင်ပေးမည်



မုံရွာ ၁၆-၆-၂၀၁၇

စစ်ကိုင်းတိုင်းဒေသကြီး အတွင်းရှိ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက် ၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ပြည်ထောင်စု ရန်ပုံငွေ၊ တိုင်းဒေသကြီးအစိုးရ အဖွဲ့ရန်ပုံငွေကျပ် ၇၆၃ဒသမ၇၂၃ သန်းအကုန်အကျခံ လုပ်ဆောင် ပေးသွားမည်ဖြစ်ကြောင်း တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ သိရသည်။

နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုးတိုးတက်ရေး အတွက်၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် ကျေးလက်ဒေသ မြေသားလမ်း၊ ကျောက်ခင်းလမ်း၊ ရုံးအဆောက်အအုံ၊ ကျေးလက်ရေပေးရေးနှင့် ဆိုလာမီးလင်းရေးတို့ ပါဝင်ကြောင်းခရမ်းချဉ်သီးကုန်ကြမ်းကို အဆင့်မြင့်ခရမ်းချဉ်သီးဆော့ချဉ်အဖြစ် ကုန်ချောထုတ်လုပ်နိုင်ပါက ဈေးကွက်ကမ်းလှမ်း သူများရှိနေ သိရသည်။

၂ဝ၁၇-၂ဝ၁၈ ဘဏ္ဍာနှစ်တွင် နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသဖွံ့ဖြိုး တိုးတက်ရေးအတွက် ပြည်ထောင်စုရန်ပုံငွေ၊ တိုင်းဒေသကြီး ရန်ပုံငွေစုစုပေါင်းငွေကျပ် ၇၆၃ ဒသမ၇၂၃ သန်းဖြင့် ကျေးလက်ရေ ပေးဝေရေးလုပ်ငန်းအတွက် စိမ့်စမ်းရေ သွယ်လုပ်ငန်းတစ်ခု၊ ရုံးအဆောက်အအုံတစ်လုံး၊ အရှည် ၂၄မိုင် နှစ်ဖာလုံရှိ မြေသားလမ်း ငါးလမ်း၊ အရှည်သုံးဖာလုံရှိ ကျောက်ခင်းလမ်း တစ်လမ်းကိုလည်းကောင်း၊ ပြည်ထောင်စုသီးသန့် ရန်ပုံငွေဖြင့် ကျေးလက် မီးလင်းရေးအတွက် ကျေးရွာ၁ဝရွာသို့နေရောင်ခြည် စွမ်းအင်သုံးဆိုလာ ၉၁၂စုံကို တပ် ဆင်ပေးခြင်းလုပ်ငန်း ကိုလည်းကောင်း လုပ်ဆောင်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...