Social Icons

Pages

Sunday, November 20, 2016

အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ထွက်ခွာ


ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး နှင့် 
တာဝန်ရှိသူများ အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ်ပြိုင်ပွဲ 
သွားရောက်ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ်အသင်း ကို ပို့ဆောင်နှုတ်ဆက်စဉ်

နေပြည်တော် ၊ ၂၀-၁၁-၂၀၁၆

ဖိလစ်ပိုင်နိုင်ငံတွင် ပြုလုပ်မည့် (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်မည့် မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ယမန်နေ့နံနက် ၈ နာရီတွင် နေပြည်တော်မှ လေကြောင်းခရီးဖြင့် ထွက်ခွာရာ ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ စစ်ရေးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး ဆန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော် အရာရှိကြီးများ၊ နေပြည်တော်တိုင်း စစ်ဌာနချုပ်
တိုင်းမှူး နှင့် တာဝန်ရှိသူ များက ပို့ဆောင်နှုတ်ဆက် ကြသည်။

အဆိုပါ မြန်မာ့တပ်မတော် သေနတ်ပစ် အသင်းသည် ဖိလစ်ပိုင်နိုင်ငံ၌ နိုဝင်ဘာ ၂၈ ရက်မှ ဒီဇင်ဘာ ၅ ရက်ထိ ကျင်းပပြုလုပ်မည့် (၂၆)ကြိမ်မြောက် အာဆီယံနိုင်ငံ တပ်မတော်(ကြည်း) များ သေနတ်ပစ် ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင် သွားမည်ဖြစ်ကြောင်း သိရှိရသည်။

မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...