Social Icons

Pages

Tuesday, May 3, 2016

၂၀၁၆-၂၀၁၇ ပညာသင်နှစ် ဘွဲ့လွန်ဒီပလိုမာ သင်တန်းရှစ်ခု အတွက် သင်တန်းသား ခေါ်ယူမည်


၃-၅-၂၀၁၆

၂ဝ၁၆-၂ဝ၁၇ ပညာသင်နှစ် တွင် ရန်ကုန် တက္ကသိုလ် ဘွဲ့လွန်ဒီပလိုမာ သင်တန်းရှစ်ခု အတွက် သင်တန်းသား ခေါ်ယူမည် ဖြစ်ကြောင်း သိရသည်။

ခေါ်ယူမည့် သင်တန်းများမှာ အင်္ဂလိပ်စာ သင်ကြားရေး ဒီပလိုမာ သင်တန်း၊ အသုံးချ စိတ်ပညာ ဒီပလိုမာ သင်တန်း၊ ရှေးဟောင်း သုတေသနပညာ ဒီပလိုမာ သင်တန်း၊ ကုန်ထုတ် ဓာတုဗေဒ ဒီပလိုမာ သင်တန်း၊ စာကြည့်တိုက်၊ သုတပညာ၊ မနုဿဗေဒ ပညာ၊ လူမှုရေးပညာ တို့ဖြစ်ကြောင်း သိရသည်။ 

တက်ရောက် လိုသူများ အနေဖြင့် တက္ကသိုလ် တစ်ခုခုမှ ဘွဲ့ရရှိသူ နိုင်ငံသား ဖြစ်ရန်လိုပြီး အလုပ်လုပ် နေဆဲဖြစ်ပါက ဌာနဆိုင်ရာ များ၏ ခွင့်ပြုချက် တင်ပြရမည် ဖြစ်သည်။

''ပညာသင်စရိတ် မတတ်နိုင်တဲ့ ကျောင်းသားတွေ အတွက်ကတော့ ပညာဆက်လက် လေ့လာနိုင်ဖို့ ဒီသင်တန်း တွေက အားထားစရာ တစ်ခုပါ။ သင်တန်းကြေး ကိုတော့ အများကြီး မတိုး စေချင်ဘူး'' ဟု ဘွဲ့လွန် ဒီပလိုမာ တက်ရောက် နေသည့် ကျောင်းသူ တစ်ဦးက ပြောသည်။ အင်္ဂလိပ်စာ သင်တန်းများ၊ ပင်လယ်ရေကြောင်း ဥပဒေ ဒီပလိုမာ၊ အပြည်ပြည် ဆိုင်ရာ ဥပဒေ ဒီပလိုမာ၊ စီးပွားရေးလုပ်ငန်း ဥပဒေ ဒီပလိုမာနှင့် ကျောက်မျက် ခွဲခြားခြင်း ဒီပလိုမာများ အပြင် တခြား ဒီပလိုမာ သင်တန်းများစွာ ကိုလည်း ဖွင့်လှစ် သင်ကြားလျက် ရှိသည်။

HRD သင်တန်းများကို ၁၉၉ဝ ပြည့်နှစ် နောက်ပိုင်းမှ စတင်ဖွင့်လှစ် သင်ကြားခဲ့ပြီး တစ်နိုင်ငံလုံးရှိ တက္ကသိုလ်၊ ဒီဂရီကောလိပ် ၁၆၉ ခုတို့၌ ဖွင့်လှစ်သင်ကြား ပေးနေသည့် HRD သင်တန်းသား ၂ဝဝ နီးပါးအထိ ရှိကြောင်း သိရသည်။

ဇာဏီ

မြ၀တီနေ့စဉ် ၊ စာ(၁၂)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...