Social Icons

Pages

Monday, April 25, 2016

တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီကမ်းရိုးတန်း ဒေသတွင် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ထွက်ခွာ


တပ်မတော်ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်းဒေသများမှ ဒေသခံပြည်သူ များကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် ရန်ကုန်မြို့မှ ထွက်ခွာစဉ်

နေပြည်တော် ၊ ၂၅-၄-၂၀၁၆

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် တနင်္သာရီတိုင်း ဒေသကြီး အတွင်းရှိ ကမ်းရိုးတန်း ဒေသများမှ ဒေသခံ ပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးရန် အတွက် ယမန်နေ့ မွန်းလွဲပိုင်း တွင် ရန်ကုန်မြို့ အမှတ်(၃) ဆိပ်ခံတံတား (သီလဝါ)မှ ထွက်ခွာကြရာ ရေတပ် လေ့ကျင့်ရေး ဌာနချုပ်၊ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အောင်ဇော်လှိုင် နှင့် တာဝန်ရှိသူ များက ပို့ဆောင် နှုတ်ဆက် ကြသည်။

အဆိုပါ တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) တွင် ပါရဂူ ၁၁ ဦး၊ ဆေးမှူး ခြောက်ဦး၊ သူနာပြု အရာရှိ ၂ဝ ဦး၊ သူနာပြု စစ်သည် ၂၄ ဦး၊ သူနာပြုရဲမေ ငါးဦး၊ အုပ်ချုပ်မှု အရာရှိ တစ်ဦးနှင့် အရပ်သား ဝန်ထမ်း သုံးဦး၊ စုစုပေါင်း ၇ဝ ဦး တို့လိုက်ပါ သွားကြပြီး တနင်္သာရီ ကမ်းရိုးတန်း ဒေသတစ်လျှောက် ရှိမြို့နယ်၊ ကျေးရွာများမှ ဒေသခံပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်)သည် ပထမအကြိမ် အဖြစ် ကိုကိုးကျွန်းမြို့နှင့် ဟိုင်းကြီးကျွန်း မြို့တို့မှ ဒေသခံပြည်သူ ၄ဝ၁၂ ဦးကို လည်းကောင်း၊ ဒုတိယအကြိမ် အဖြစ် ရခိုင် ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူ ၁ဝ၉၆ဝ ဦး ကိုလည်းကောင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး နိုင်ခဲ့ကြောင်းနှင့် ယခုအခါ တတိယအကြိမ် အဖြစ် ထွက်ခွာ၍ တနင်္သာရီ ကမ်းရိုးတန်း ဒေသများရှိ ဒေသခံပြည်သူများကို ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေး သွားမည် ဖြစ်သည်။ 

တပ်မတော် ပင်လယ်သွား ဆေးရုံသင်္ဘော (သံလွင်) သည် တပ်မတော်၏ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများတွင် ထိရောက်စွာ အကျိုးပြု ဆောင်ရွက်နိုင်ပြီး မြန်မာ့ပင်လယ် ကမ်းရိုးတန်း တစ်လျှောက်ရှိ မြို့ရွာများမှ ပြည်သူ လူထုများနှင့် သဘာဝ ဘေးအန္တရာယ် ကျရောက်သည့် ဒေသများသို့လည်း အမြန်ဆုံး သွားရောက်၍ အဆင့်ဆင့် ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ပြုလုပ်နိုင်ကြောင်း သတင်း ရရှိသည်။ (၁၀၀)

မြ၀တီနေ့စဉ် ၊ စာ(၁)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...