Social Icons

Pages

Wednesday, October 29, 2014

မြန်မာနိုင်ငံ အရှေ့မြောက်ဘက် အင်မော်ဘွန် တောင်တန်းဒေသတွင် ရှားပါး ပန်ဒါနီ ၀က်ဝံနှစ်ကောင် တွေ့ရှိ



ရန်ကုန် ၊ ၂၉-၁၀-၂၀၁၄

ကမ္ဘာပေါ်တွင် မျိုးတုန်း ပျောက်ကွယ်လု နီးပါး ဖြစ်နေပြီး ထိန်းသိမ်း စောင့်ရှောက် ထားသည့် တိရစ္ဆာန်များ ထဲတွင် တစ်မျိုး အပါအ၀င် ဖြစ်သော ပန်ဒါနီ ၏ လှုပ်ရှားမှု များကို အောက်တိုဘာ ၂၇ ရက်က အင်မော်ဘွန် တောင်တန်းဒေသ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း သစ်တော အတွင်း တွေ့ရှိရကြောင်း ဇီဝဗေဒ လေ့လာရေး အဖွဲ့တစ်ဖွဲ့ ဖြစ်သည့် Fauna & Flora International (FFI) က သတင်းထုတ်ပြန် ခဲ့သည်။

အဆိုပါ ဇီဝဗေဒ လေ့လာရေး အဖွဲမှ ထောင်ချောက် ဗီဒီယို ဖြင့် ရိုက်ကူး ရရှိထားသော မှတ်တမ်းတွင် ပန်ဒါနီ စုံတွဲနှစ်ကောင် သည် မြန်မာနိုင်ငံ အရှေ့မြောက် ဘက်ပိုင်း ကချင်ပြည်နယ် အင်မော်ဘွန် တောင်ဝန်းကျင် ရှိ သစ်တောများ၊ ဝါးပင်များ အတွင်း ပြေးလွှာ ဆော့ကစား နေသည့် မြင်ကွင်းများ ပါဝင်သည်။

င်္Fauna & Flora International (FFI) မှ ဇီဝဗေဒပညာရှင် တစ်ဦးဖြစ်သူ ကိုစောစိုးအောင် က ''ဒီ ဗီဒီယို က မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်းမှာ ရိုက်ထားတာပါ။ ပန်ဒါနီစုံတွဲ နှစ်ကောင် ကျောက်ခဲ လမ်းပေါ်မှာ ပြေးလွှားနေတဲ့ မြင်ကွင်းတွေ၊ သစ်တောထဲ က ဝါးရွက်တွေ ကြားမှာ လမ်းလျှောက် နေတဲ့မြင်ကွင်း တွေပါ ရှိပါတယ်။ ပန်ဒါနီတွေရဲ့လှုပ်ရှားမှုကို ဒီ မြန်မာနိုင်ငံ အရှေ့မြောက်ပိုင်း ဒေသတွေမှာ ၂ဝဝ၉ ခုနှစ်လောက် ကတည်းက ပထမဆုံး အကြိမ် တွေ့ရှိရတာပါ။ အခုကတော့ ဗီဒီယိုနဲ့ ပထမဆုံး မှတ်တမ်းတင် နိုင်ခဲ့တာဖြစ်ပါတယ် ... '' ဟု ပြောခဲ့သည်။

International Union for Conservation of Nature(IUCN) ၏ ထုတ်ပြန်ချက် အရ လက်ရှိအချိန် ၌ ကမ္ဘာပေါ်တွင် ပန်ဒါနီ ကောင်ရေမှာ ၁ဝဝဝဝ အောက်တွင်သာ ကျန်ရှိတော့ ပြီး အေးမြသော ရာသီဥတု ရှိသည့် မြန်မာနိုင်ငံ အရှေ့မြောက်ဘက် သစ်တောများ၊ နီပေါနိုင်ငံ အနောက် ဘက်ခြမ်း နှင့် တရုတ်နိုင်ငံ များတွင် နေထိုင် ကျက်စား ကြကြောင်း သိရသည်။

ပန်ဒါနီများကို ၂ဝဝဝ ပြည့်နှစ် နောက်ပိုင်း တွင် ရန်ကုန် တိရစ္ဆာန် ဥယျာဉ်၌ လေအေး ပေးစက် တပ်ဆင်ထားသော အခန်းတွင် ပြသ ထားရှိခဲ့ပြီး နောက်ပိုင်းတွင် သေဆုံး သွားခဲ့ကြောင်း သိရသည်။

#Themyawadydaily
#မြ၀တီနေ့စဉ်

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...