Social Icons

Pages

Tuesday, September 9, 2014

" သာ " အက္ခရာယာဉ် များကို RLG အက္ခရာ ပြောင်းလဲသတ်မှတ်


မန္တလေး ၊ ၉-၉-၂၀၁၄

ယခုနှစ် အတွင်း အပ်နှံသော ကားဟောင်းစလစ် များ၏ အခွန် သက်သာမှု ကြောင့် ၂ဝ၁၅ CIF တန်ဖိုးအသစ်၌ ပါဝင်သည့် ကားများကို တင်သွင်း ခွင့်ပြုပေးခဲ့ရာ တန်ဖိုးမြင့် ကားများကို တင်သွင်းမှုများ များပြား လာလျက် ရှိသကဲ့သို့ ''သာ'' အက္ခရာ ယာဉ်များကို အခွန် ကင်းလွတ်ခွင့် ပေးထား သောကြောင့် လူပုဂ္ဂိုလ် အချို့က အခွင့်ကောင်း ယူကာ သံဃာတော် များထံမှ ''သာ'' အက္ခရာ ယာဉ်များကို ကားချင်း အလဲအထပ် ယူ၍ လွှဲပြောင်း စီးနင်း ခြင်းများ ပြုလုပ် နေသည်ကို တွေ့ရသဖြင့် ''သာ'' အက္ခရာ မော်တော်ယာဉ် များတွင် သံဃာတော် ဘွဲ့ အမည်၊ ကျောင်းတိုက် အမည် နှင့် လိပ်စာများကို ဆေးဖြင့် ထင်ရှားစွာ ရေးသား ဖော်ပြရမည်ဟု ကုန်းလမ်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာန (ကညန) က သတင်း ထုတ်ပြန် ထားကြောင်း သိရသည်။

''သာ'' အက္ခရာယာဉ် များကို သံဃာတော်များ သီးသန့် အသုံးပြုရန် ခွင့်ပြုထားခြင်း ဖြစ်ပြီး ကားတင်သွင်း ရာတွင် ရာနှုန်းပြည့် အခွန်ကင်းလွှတ် ခွင့်ပြု ထားသဖြင့် တန်ဖိုးမြင့် အမြင့်ကား များကိုသာ တင်သွင်းမှု များကြောင်း၊ အချို့သော လူပုဂ္ဂိုလ် များက အခွင့်ကောင်း ယူ၍ သံဃာတော် များထံမှ ''သာ'' အက္ခရာယာဉ် ဖြင့် ကားချင်း အလဲအထပ် ယူကာ လွှဲပြောင်း စီးနင်းနေမှု များကို ပြုလုပ်လျက် ရှိနေကြောင်း၊ ထို့ကြောင့် ''သာ'' အက္ခရာ ယာဉ်များ၏ ရှေ့လေကာမှန်၊ နောက်မှန် များတွင် ကျောင်းတိုက် အမည်၊ မြို့အမည် စာသားများကို အဝိုင်း ပုံသဏ္ဌာန် ထင်ရှားစွာ ဆေးဖြင့် ရေးသား ဖော်ပြရန် နှင့် ရေးသားဖော် ပြရာတွင် ဖြုတ်/ တပ်လွယ်သော စတစ်ကာ များဖြင့် ရေးသား ဖော်ပြ မှုကို ခွင့်ပြုမည် မဟုတ်ကြောင်း သတင်းထုတ် ပြန်ချက်တွင် ပါရှိသည်။

ယခုအခါ သံဃာတော်များ စီးနင်းသော မော်တော်ယာဉ်များ ကို ''သာ'' အက္ခရာ အစား အင်္ဂလိပ် အက္ခရာ RLG ( Religious ) ဖြင့် ၂ဝ၁၄ ခုနှစ် သြဂုတ်လမှ စတင်၍ ပြောင်းလဲ သတ်မှတ် ထားကြောင်း သိရသည်။ DHW

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...