Social Icons

Pages

Tuesday, September 9, 2014

လျှပ်စစ်ဓာတ်အားခ တိုးမြှင့် သတ်မှတ်ပါက ကုမ္ပဏီအနေဖြင့် ငွေကျပ် သိန်းပေါင်း ၆၀၀၀ ကျော် ဆုံးရှုံးမှု ဖြစ်နိုင်


မန္တလေး ၊ ၉-၉-၂၀၁၄

မန္တလေးခရိုင် အတွင်းရှိ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နှင့် မဟာအောင်မြေ မြို့နယ် တို့တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးရေး လုပ်ငန်း လုပ်ကိုင်ခွင့်ရ မြန်မာ ပေါင်းစည်း စွမ်းအား ကုမ္ပဏီ MPU မှ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန သို့ ပေးသွင်း ရသောလျှပ်စစ် ဓာတ်အားခ ကို ယခင်က တစ်ယူနစ်လျှင် ၅၅ ကျပ် ပေးသွင်းလျက် ရှိရာမှ ၅၆ကျပ် သို့ တိုးမြှင့် သတ်မှတ် ပါက ငွေကျပ် ၆၉၂၃ သိန်းထိ ဆုံးရှုံးမှု ဖြစ်ပေါ် လာနိုင်၍ လိုအပ်ပါက လျှပ်စစ် ဝန်ကြီးဌာန သို့ တင်ပြ တောင်းဆို သွားမည် ဖြစ်ကြောင်း ကုမ္ပဏီ အမှုဆောင် ဒါရိုက်တာ တစ်ဦးက ပြောပြသည်။

ကုမ္ပဏီ အနေဖြင့် တစ်ယူနစ် လျှင် ၅၅ ကျပ်နှုန်းဖြင့် ၂ဝ၁၄ ခုနှစ် ဧပြီလမှ စတင်ကာ နိုင်ငံတော်သို့ ဓာတ်အားခ ပေးသွင်းရန် ညွှန်ကြားချက်များ ရောက်ရှိ လာခဲ့၍ လက်ရှိ အချိန်ကာလ အထိ ငွေကျပ်သိန်း ပေါင်း ၃ဝဝဝဝ ကျော် ရင်းနှီးမြှုပ်နှံ ထားရပြီး အမြတ် တစ်စုံတစ်ရာ မရရှိ သေးကြောင်း ကုမ္ပဏီ အထွေထွေ မန်နေဂျာ က ပြောပြသည်။

မန္တလေးတိုင်း ဒေသကြီး အတွင်းရှိ မြို့နယ်ပေါင်း ၁၁ မြို့နယ်တွင် ကုမ္ပဏီ ငါးခု မှ လျှပ်စစ် စွမ်းအား ဝန်ကြီးဌာန နှင့် အကျိုးတူ ပူးပေါင်းပြီး ဓာတ်အား ဖြန့်ဖြူးလျက် ရှိရာမြန်မာ ပေါင်းစည်း စွမ်းအား ကုမ္ပဏီ အနေဖြင့် ၂ဝ၁၂ ခုနှစ် နိုဝင်ဘာ ၁ ရက်မှ စတင်၍ အောင်မြေသာစံ မြို့နယ်၊ ချမ်းအေးသာစံ မြို့နယ် နှင့် မဟာအောင်မြေ မြို့နယ်တို့တွင် လျှပ်စစ် ဓာတ်အား ဖြန့်ဖြူးမှု လုပ်ငန်းကို စတင် လုပ်ကိုင်ခဲ့ပြီး ဓာတ်အား လိုင်းများ ကောင်းမွန်ရေး အတွက် တိုးချဲ့ တည်ဆောက်မှု နှင့် ပြန်လည် ပြုပြင် လဲလှယ်မှုတို့ အတွက် ငွေ ၂ဝ၈၁၉၂၄၇၃၁ ကျပ်၊ မြို့နယ်သုံးခု ၏ ထရန်စဖော်မာ ထိန်းသိမ်း ပြုပြင် ကုန်ကျ စရိတ်ငွေ ၁၂၆၆၁၄၁၅၇ ကျပ် ကုန်ကျ ခဲ့ကြောင်း၊ ကဏ္ဍ ပေါင်းစုံရ င်းနှီးမြှုပ်နှံမှု တွင် ငွေ ၃၆၉၄၄၄၃၈ဝ၆ ကျပ် ရှိကြောင်း အမှုဆောင် ဒါရိုက်တာ က ထပ်မံ ရှင်းပြသည်။

''မန္တလေးမြို့ရဲ့ လိုအပ်ချက်တွေ ဖြည့်ဆည်း ပေးဖို့ဆိုတဲ့ ရည်ရွယ်ချက် နဲ့ လုပ်ကိုင်ခြင်း ဖြစ်ပါတယ်။ ထရန်စဖော်မာ တစ်လုံး လောင်ရင် ၃ နာရီနဲ့ ပြန်ကောင်း အောင် စံချိန်ယူထား ပါတယ်။ ဓာတ်အားခွဲ ရုံတွေကို တိုးချဲ့ပေးဖို့ ရှိပါတယ်။ လက်ရှိ ဓာတ်အားခွဲရုံ ရှစ်ရုံရှိတာ ပြန်လည် ပြုပြင်ဖို့ လိုအပ်လာပြီ ဖြစ်ပါတယ် .. .. '' ဟု အင်ဂျင်နီယာချုပ် က ဖြည့်စွက် ရှင်းပြ၍ သိရသည်။ (ဝ၄၂)

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...