Social Icons

Pages

Monday, July 14, 2014

မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် မြေသားနံရံပြိုကျ၍ ခုနစ်ဦးသေဆုံး



တာချီလိတ် ၊ ၁၄-၇-၂၀၁၄

တာချီလိတ်မြို့ ၌ မိုး အဆက်မပြတ် ရွာသွန်းမှုကြောင့် ဇူလိုင် ၁၃ ရက် နံနက် ၂ နာရီ ၄၅ မိနစ် ခန့်တွင် ဝမ်ကောင်း ရပ်ကွက်၊ ကချင်ကျေးရွာ ရှိ ကိုကျော်ထွေးလင်း ပိုင်ဆိုင်သော အိမ်ခန်းငှား (၃)ခန်းတွဲ အဆောက်အဦ နှင့် ၄င်း ပိုင်ဆိုင်သော နေအိမ်တစ်လုံး မြေသားနံရံ ပြိုကျမှု ဖြစ်ပွားခဲ့ရာ အိမ်ခန်းပိုင်ရှင် ကိုကျော်ထွေးလင်း အသက် ၃၈ နှစ်၊ ၄င်း၏ ဇနီး မရင်နု အသက် ၃၇ နှစ်နှင့် ၄င်း တို့၏ တစ်နှစ်သား အရွယ် ကလေးငယ် တစ်ဦး၊ (၃)ခန်းတွဲ အဆောက်အဦ တွင် အငှား နေထိုင်သူ ဦးခင်မောင်သောင်း အသက် ၄၅ နှစ်၊ မဝင်းဆန်း အသက် ၂ဝနှစ်၊ မောင်မှုံကြီး အသက် ရှစ်နှစ် နှင့် မပေါက်တူး အသက် ငါးနှစ် စုစုပေါင်း အိမ်ထောင်စု နှစ်စု၊ ကျား လေးဦး၊ မ သုံးဦး ပေါင်း ခုနစ်ဦး အသက် ဆုံးရှုံးခဲ့ပြီး အဆိုပါ အဆောက်အဦ တွင် နေထိုင်သော ကိုအောင်ကျော်လွင် နှင့် ဇနီး မလဲ့လဲ့မြင့်၊ ကိုကြည်နှင့် ဇနီး မစန်းစန်းမြင့် တို့က ဒဏ်ရာ ရရှိမှုမရှိဘဲ လွတ်မြောက် ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ် ဖြစ်ပွားရာသို့ တြိဂံဒေသ တိုင်းစစ်ဌာနချုပ် မှ တပ်မတော်သားများ၊ ဌာနဆိုင်ရာ တာဝန်ရှိ သူများ၊ တာချီလိတ် မြို့မရဲစခန်း မှ ရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ် မီးသတ် တပ်ဖွဲ့ဝင်များ နှင့် နာရေး ကူညီမှု အသင်းအဖွဲ့များ ပူးပေါင်းပြီး ပြိုကျပျက်စီး နေမှုများအား ဖယ်ရှား ရှင်းလင်းခြင်း နှင့် လိုအပ်သော ကူညီ စောင့်ရှောက်မှုများ ဆောင်ရွက် ပေးခဲ့ကြောင်း သိရှိရသည်။

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...