Social Icons

Pages

Monday, July 14, 2014

ပြစ်မှုကျူးလွန်သူများကို ရှာဖွေဖော်ထုတ်ပြီး ဥပဒေနှင့်အညီ စစ်ဆေး ဆောင်ရွက်လျက်ရှိ


မန္တလေး ၊ ၁၄-၇-၂၀၁၄

မန္တလေးတိုင်း ဒေသကြီး ရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် ချမ်းအေးသာစံ မြို့နယ် ၊ မောရဂီဝါ ရပ်ကွက် ၊ ၃၄ လမ်း ၊ ၇၄x၇၅ လမ်းကြားတွင် ဇူလိုင်လ ၁၂ ရက် ည ၇ နာရီ အချိန်က ချမ်းအေးသာစံ မြို့နယ် မြို့မ ရဲစခန်းက (ပ) ၅၁၃/ ၂၀၁၄ ပြစ်မှုပုဒ်မ ၃၂၆/ ၃၂၅/ ၁၁၄ အမှုဖွင့် ထားသော အမှုမှ ပြစ်မှု ကျူးလွန်သူ များကို ဖမ်းဆီး ရမိရေး ၀င်ရောက် ရှာဖွေ၍ မသင်္ကာသူ ၉ ဦးကို ခေါ်ဆောင် ခဲ့ပြီး စစ်ဆေးခဲ့သည်။

သို့ရာတွင် ၅ ဦးမှာ အမှုတွင် ပါဝင် ပတ်သက်ခြင်း မရှိကြောင်း စစ်ဆေး သိရှိရ၍ ယမန်နေ့တွင် ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး ၌ အုပ်ထိန်းသူ မိဘများထံသို့ စနစ်တကျ ပြန်လည် အပ်နှံခဲ့ပြီး ကျန်ရှိသူ ၄ ဦးကို ဥပဒေနှင့် လုပ်ထုံး လုပ်နည်းများ နှင့်အညီ စစ်ဆေး ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။ ( တိုင်းပြန်/ဆက် )

#Yadanarpondaily

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...