Social Icons

Pages

Wednesday, March 26, 2014

တောင်ကိုရီးယားသို့ တင်ပို့မည့် စားသောက်ကုန်ပစ္စည်းများ အတွက် ဆွေးနွေးပွဲကျင်းပ


ရန်ကုန် ၊ ၂၆-၃-၂၀၁၄

မြန်မာနိုင်ငံ မှ ထုတ်လုပ်သော စားသောက်ကုန် ပစ္စည်းများကို တောင်ကိုရီးယား ဈေးကွက်သို့ တင်ပို့ ရောင်းချရန် အတွက် ကိုရီးယား နိုင်ငံ၏ ဈေးကွက် သဘောတရား နှင့် လိုအပ်သော စံချိန်စံညွှန်း များ အကြောင်း ဆွေးနွေးပွဲ ကို Korean Market Access Seminar on Myanmar Agricultural Products ခေါင်းစဉ်ဖြင့် ဆီဒိုးနား ဟိုတယ်ရှိ ရန်ကင်းခန်းမ ၌ ယမန်နေ့ နံနက် ၉ နာရီက စတင် ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ အခမ်းအနား တွင် စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန မှ ဒုတိယ၀န်ကြီး ဒေါက်တာ ပွင့်ဆန်း ၊ လယ်ယာ စိုက်ပျိုးရေး နှင့် ဆည်မြောင်း ၀န်ကြီးဌာန မှ ဒုတိယ ၀န်ကြီး ဦးအုန်းသန်း တို့ တက်ရောက် အမှာစကား ပြောကြား ခဲ့ပြီး ASEAN - KOREA Centre မှ အထွေထွေ အတွင်းရေးမှူး နှင့် မြန်မာနိုင်ငံ စားသောက်ကုန် တင်ပို့ ထုတ်လုပ် ရောင်းချသူများ အသင်း ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း တို့က စားသောက်ကုန် ပစ္စည်းများကို ဈေးကွက် အတွင်းသို့ တင်ပို့ ရောင်းချမှုများ နှင့် ဆောင်ရွက်ရန် ကိစ္စရပ် များကို ပြောကြား ခဲ့သည်။

ဆက်လက်၍ Yonsei တက္ကသိုလ် မှ Biotechnology ဌာနရှိ ပရော်ဖက်ဆာ Ph.D, Mr Jae- Kwan Hwang က မြန်မာနိုင်ငံ မှ တောင်ကိုရီးယား သို့ တင်ပို့မည့် စားသောက်ကုန် ပစ္စည်းများ အတွက် တောင်ကိုရီးယား နိုင်ငံမှ သတ်မှတ် ထားသော စံချိန် စံညွှန်းများ နှင့် ၄င်းတို့နိုင်ငံမှ ထုတ်ကုန် ပစ္စည်း များအား အရည်အသွေး မြှင့်တင်ပုံ များကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရသည်။ 

မြန်မာ့လယ်ယာ ထွက်ကုန် ပစ္စည်းများကို တန်ဖိုးမြင့် စားသောက်ကုန် ပစ္စည်းများတွင် ထုပ်ပိုးပုံ အရေးပါပုံ နှင့် တောင်ကိုရီးယား နိုင်ငံ၏ စားသောက်ကုန် များ အပေါ် လုံခြုံ စိတ်ချရမှု စံချိန် စံညွှန်းများ နှင့် တောင်ကိုရီးယား ဈေးကွက်၌ ကုမ္ပဏီ များ၏ ကုန်ပစ္စည်း ၀ယ်ယူ တင်သွင်းမှု ပုံစံများ ကို ရှင်းလင်း ပြောကြား ခဲ့ကြောင်း သိရှိရသည်။ (လင်းသစ်)

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...