Social Icons

Pages

Wednesday, January 8, 2014

၂၀၁၃ - ၂၀၁၄ ဘဏ္ဍာရေးနှစ်တွင် ပြည်ပသို့ ရော်ဘာတင်ပို့မှုမှာ ယခင်ဘဏ္ဍာရေးနှစ်ထက် များသော်လည်း ဈေးနှုန်းကျဆင်းမှုနှင့် ကြုံတွေ့



ရန်ကုန် ၊ ၈-၁-၂၀၁၄

၂ဝ၁၃ - ၂ဝ၁၄ ဘဏ္ဍာရေးနှစ် တွင်ပြည်ပသို့ ရော်ဘာတင်ပို့မှု ယခင် ဘဏ္ဍာရေး နှစ်ထက် များသော်လည်း ကမ္ဘာတစ်ဝန်း ရော်ဘာ ဈေးနှုန်းများ ကျဆင်းမှုနှင့် ကြုံတွေ့ နေရကြောင်း ရော်ဘာ လုပ်ငန်းရှင် တစ်ဦးက ပြော
ကြားကြောင်း သိရသည်။

ထို့ကြောင့် လက်ရှိ ဘဏ္ဍာရေး နှစ်တွင် ပြည်ပသို့ ရော်ဘာ တင်ပို့မှု ပမာဏ မြင့်တက် နေသော်လည်း ဈေးနှုန်း ကျဆင်းနေမှု ကြောင့် ပြီးခဲ့သည့် ဘဏ္ဍာရေးနှစ် ကထက် ဝင်ငွေ ကျဆင်းဖွယ် ရှိနေသည် ဟုလည်း သိရသည်။

၂ဝ၁၂ - ၂ဝ၁၃ ဘဏ္ဍာရေးနှစ် တွင် ပြည်ပသို့ ရော်ဘာ မက်ထရစ် တန်ချိန် ၆ဝဝဝဝ ကျော် တင်ပို့ခဲ့ရာမှ အမေရိကန် ဒေါ်လာ ၁၇၈ သန်း ( တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂ဝဝဝ ကျော် ) ရရှိခဲ့ သော်လည်း ယခု ဘဏ္ဍာရေးနှစ် တွင် ပြီးခဲ့သည့် ဒီဇင်ဘာ လကုန်အထိ ရော်ဘာ မက်ထရစ် တန်ချိန် ၅ဝဝဝဝ ကျော် တင်ပို့ခြင်းမှ အမေရိကန် ဒေါ်လာ ၁၂၂ သန်း ( တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၁၅ဝဝ ခန့် ) သာရရှိသေး သည်ဟု သိရသည်။ လက်ရှိ အချိန်တွင် မြန်မာနိုင်ငံမှ ရော်ဘာများကို တရုတ် ၊ စင်ကာပူ ၊ အိန္ဒိယ နိုင်ငံတို့သို့ တင်ပို့လျက် ရှိပြီး တရုတ်နိုင်ငံ ကို တင်ပို့သည့် ပမာဏမှာ အများဆုံး ဖြစ်သည်ဟု စီးပွားရေး နှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန ၏ စာရင်းများတွင် ဖော်ပြ ထားသည်။ 

၂ဝ၁၃ ခုနှစ်မှ စတင်ကာ EU နှင့် ကုန်သွယ် ရာတွင် GSP (အခွန် သက်သာခွင့်) စတင် ရရှိခဲ့ပြီး ဖြစ်သော်လည်း မြန်မာ နိုင်ငံတွင် RSS 3 အဆင့် ရော်ဘာ များကိုသာ ထုတ်လုပ် နိုင်သေးပြီး EU ဈေးကွက်မှ လက်ခံသော အဆင့်မြင့် RSS 1 ရော်ဘာများကို မထုတ်လုပ် နိုင်သေး သဖြင့် ၄င်းဈေးကွက် သို့ မတင်ပို့ နိုင်သေးခြင်း ဖြစ်သည် ဟု မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုး ထုတ်လုပ်သူများ အသင်းမှ သိရသည်။

EU နိုင်ငံများမှ မြန်မာ့ ရော်ဘာကို ဝယ်ယူရန် ကုန်အမှာစာများ ပေးပို့ စုံစမ်းမှုများ ရှိနေသော်လည်း စာချုပ်ချုပ်၍ မပို့နိုင် သေးဘဲ စမ်းသပ် အဆင့်သာ တင်ပို့ နိုင်သေးသည် ဟုလည်း ရော်ဘာ လုပ်ငန်းရှင်များ ထံမှ သိရှိရသည်။

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...