Social Icons

Pages

Thursday, February 21, 2019

မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း ကွင်းဆင်း စစ်ဆေး

မြေထိန်းနံရံ တည်ဆောက်ခြင်း လုပ်ငန်း ကွင်းဆင်း စစ်ဆေး
-
စေတုတ္တရာ  ဖေဖော်ဝါရီ  ၂ဝ 
-
မကွေးတိုင်းဒေသကြီးမင်းဘူးခရိုင် စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ တာဝန်ရှိ သူများကလူထုဗဟိုပြုစီမံကိန်းသဘာဝဘေးထောက်ပံ့ရန်ပုံငွေဖြင့် ဆောင်ရွက်လျက်ရှိသည့် စေတုတ္တရာ-ငဖဲကားလမ်းမှ ကျောက်ဖူး ကျေးရွာအဝင် လမ်းပေါ်ရှိ မြေထိန်းနံရံတည်ဆောက်ခြင်းလုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေ အနေများကို ယနေ့  နံနက်ပိုင်းတွင် ကွင်းဆင်းစစ်ဆေးကြောင်းသိရသည်။ 
-
ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဦးစိုးလင်းထွဋ်နှင့် ဝန်ထမ်း များက ၂ဝ၁၈ ခုနှစ် ဇွန်လပိုင်းက မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ပျက်စီးခဲ့သော စေတုတ္တရာ- ငဖဲကားလမ်းမှ ကျောက်ဖူး ကျေးရွာအဝင် လမ်းပေါ်ရှိ မြေထိန်းနံရံပြန်လည်တည် ဆောက်ခြင်းလုပ်ငန်း ဆောင်ရွက်ပြီးစီးမှုကို သတ်မှတ်အတိုင်းအတာ၊ အရည်အသွေး ပြည့်မီမှုရှိ၊ မရှိကြည့်ရှုစစ်ဆေးသည်။ 
-
အဆိုပါမြေထိန်းနံရံတည်ဆောက်ခြင်း လုပ်ငန်းမှာ အရှည်ပေ ၁၂ဝ၊ အနံ ၄ ပေ၊ အမြင့် ၈ ပေကို  လူထုဗဟိုပြုစီမံကိန်းမှ သဘာဝဘေး ထောက်ပံ့ရန်ပုံငွေကျပ် ၄၅  သိန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်။ စေတုတ္တရာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနအနေဖြင့် သဘာဝဘေးကြောင့် ပျက်စီးခဲ့သော ကျောက်ဖူး ကျေးရွာ အဝင်လမ်းပေါ်ရှိ မြေထိန်းနံရံတည်ဆောက် ခြင်းလုပ်ငန်းအပါအဝင်သက္ကတောင်ကျေးရွာ ရေကန်ပြုပြင်ခြင်းလုပ်ငန်း၊ ကြီးဝကျေးရွာနှင့် တယ်ဇားကျေး ရွာဆက်သွယ်သော လမ်းပေါ်ရှိ မြေထိန်းနံရံပြုပြင်ခြင်း လုပ်ငန်း၊ လောက်ပုလဲ ကျေးရွာ ရေကာနံရံပြုပြင်ခြင်းလုပ်ငန်း၊ စေတုတ္တရာမြို့မှ အောက်ပုံကျေးရွာအဝင် လမ်းပေါ်ရှိ မြေထိန်း နံရံပြုပြင်ခြင်း လုပ်ငန်း  စုစုပေါင်းလုပ်ငန်းငါးခုကို ငွေကျပ်  ၂၄၉ဒသမ ၆၂ သိန်းဖြင့် ဆောင်ရွက်လျက်ရှိ ကြောင်းသိရသည်။ 
-
သန်းလွင်(မကွေး)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...