Social Icons

Pages

Thursday, February 21, 2019

ရှမ်းရိုးမ အပန်းဖြေဆင်စခန်းတွင် ဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် ဆောင်ရွက်လျက်ရှိ

-
ကလော ဖေဖော်ဝါရီ  ၂ဝ 
-
ကလောမြို့နယ်နန့်ပန်တက်ကျေးရွာအနီး၌ တည်ရှိသည့်ရှမ်းရိုးမအပန်းဖြေဆင်စခန်းတွင် အပန်းဖြေ လာရောက်သူများအား ဆင်စီးခြင်းအပြင် အခြားဝန်ဆောင်မှုများ ပိုမိုပေးနိုင်ရန် ပြင်ဆင်ဆောင်ရွက်လျက် ရှိကြောင်း ၎င်းဆင်စခန်းတာဝန်ခံ ဦးစိုင်းသန်းနိုင်ထံမှ သိရသည်။ 
-
''ရှမ်းရိုးမအပန်းဖြေ ဆင်စခန်းကို အပန်းဖြေ လာရောက်တဲ့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များအတွက် သဘာဝသစ်တောတွေထဲကို ဆင်စီးခြင်းအပြင် အခြားဝန်ဆောင်မှုတွေ ပိုမိုပေးနိုင်ဖို့ လတ်တလောပြင်ဆင်ဆောင် ရွက်နေပါတယ်။ဆင်စခန်းကနေ နှစ်မိုင်ခန့်ဝေးတဲ့ ဘူးချောင်းဝဖျား ရေတံခွန်ခြေလျင်ခရီး၊ ခရီးတိုဆင်စီးခြင်း၊ တောတွင်းလမ်းအတိုင်းဆိုင်ကယ်စီးပြီး ရေတံခွန်သို့ သွားရောက်ခြင်း၊ ရေချိုးအပန်းဖြေနိုင်မယ့် ရေအိုင်နဲ့ နားနေဆောင်တွေတိုးချဲ့ခြင်း၊ အမှတ်တရ လက်ဆောင်ပစ္စည်းတွေ ရောင်းချပေးခြင်း စတဲ့ ဝန်ဆောင်မှုတွေကို ပိုမိုဖြည့်ဆည်းဖို့ ပြင်ဆင်ဆောင်ရွက်နေပါတယ်။ လက်ရှိမှာလည်း ရှမ်းရိုးမအပန်းဖြေ ဆင်စခန်းကို လာရောက်လည်ပတ်အနားယူပြီး သဘာဝသစ်တောထဲမှာဆင်စီးခြင်း၊ ဆင်ရေချိုး(ရေချ)တာကို အနီးကပ်ကြည့်ရှုခြင်း၊ ဆင်တွေကို ကိုယ်တိုင်ရေချိုးပေးခြင်း၊ ဆင်တွေသဘာဝအတိုင်း တောထဲမှာ နေထိုင်တဲ့ဓလေ့ကို ဆင်ဦးစီးများနဲ့ အတူ လေ့လာခြင်း၊ ဆင်များနဲ့ဓာတ်ပုံ၊ဗီဒီယိုရိုက်ကူးခြင်း၊ ဆင်သမားကျေးရွာသို့ သွားရောက် လေ့လာခြင်း၊ ရေတံခွန်ရေအိုင်များမှာ ရေချိုးအပန်းဖြေခြင်းတွေ ပြုလုပ် အပန်းဖြေနိုင်ပါတယ်''ဟု ၎င်းကပြောသည်။ 
-
ရှမ်းရိုးမအပန်းဖြေ ဆင်စခန်းကို ၂ဝ၁၈ ခုနှစ် ဖေဖော်ဝါရီ ၁၃ ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး တစ်နှစ်ခွဲသားဆင်အမြွှာနှစ်ကောင်၊ ဆင်မလေးကောင်၊ ဆင်ထီးနှစ်ကောင်စုစုပေါင်းရှစ်ကောင်ရှိကာ လက်ရှိတွင်လာရောက်အပန်းဖြေသူများ ဆင်စီးနိုင်ရန် ဆင်ငါးကောင်ဖြင့် ဝန်ဆောင်မှုပေးထားပြီး ဆင်ကောင်ရေ ပိုမိုထားရှိနိုင်ရေးအတွက်လည်း စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...