Social Icons

Pages

Thursday, February 21, 2019

စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး

စက်ရေတွင်း တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု ကွင်းဆင်း စစ်ဆေး
-
ဇလွန်  ဖေဖော်ဝါရီ  ၂ဝ 
-
ဧရာဝတီတိုင်း ဒေသကြီး ဇလွန်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနဦးစီးမှူး ဒေါ်ဆွေဆွေဝင်းနှင့် တာဝန်ရှိသူများက ကျေးလက်ဒေသများတွင် သန့်ရှင်းသော သောက်သုံးရေရရှိရေးအတွက်စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်း ဆောင်ရွက်နေသော ကျုံအီကျေးရွာ၊ အောင်သပြေကျေးရွာ၊ မှော်ချောင်းကျေးရွာ၊ ဗျည့်ဇင်ကုန်းကြီး ကျေးရွာတို့ သို့ ယနေ့ နံနက် ၁ဝ နာရီတွင် ကွင်းဆင်း စစ်ဆေးကြောင်းသိရသည်။ 
-
ထိုသို့စစ်ဆေးရာတွင် ကျုံအီကျေးရွာနှင့် အောင်သပြေကျေးရွာတို့၌   ရှေ့ဆောင်ဦးကုမ္ပဏီက တာဝန်ယူ ဆောင်ရွက် နသော လေးလက်မပိုက်ဖြင့် အနက်ပေ ၄ဝဝ ရေစက်ရုံ၊ ရေဂါလန် ၂၄ဝဝ ဆံ့ အုတ်ရေကန်နှင့် မှော်ချောင်း ကျေးရွာ၊ ဗျည့်ဇင်ကုန်းကြီး ကျေးရွာတို့၌ လေးလက်မပိုက်ဖြင့် အနက်ပေ ၄ဝဝ ရေစက် ရုံ၊ ရေဂါလန် ၂ဝဝဝ ဆံ့အုတ်ရေကန် တူးဖော်ခြင်း လုပ်ငန်းများကို ကွင်းဆင်း စစ်ဆေးရာသက်ဆိုင်ရာ တာဝန်ရှိသူများက  လုပ်ငန်း ဆောင်ရွက်နေမှု အခြေ အနေများကို ရှင်းလင်းတင်ပြသည်။ 
-
အဆိုပါ လုပ်ငန်းများကို စုစုပေါင်းငွေ ကျပ် ၄၉ ဒသမ ၄ သန်းဖြင့် ဆောင်ရွက်ခြင်းဖြစ်ပြီး တူးဖော်ပြီးစီးပါက ကျေးရွာ အတွင်းသို့ သန့်ရှင်းသော သောက်သုံးရေ ပေးဝေနိုင်မည်ဖြစ်သည်။ ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်တွင် ကျေးလက် ဒေသများ၌ သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် စက်ရေတွင်း တူးဖော်ခြင်း လုပ်ငန်းများကို  မြတ်ဘုန်းရှိန် ကုမ္ပဏီက Lot 1 နှင့် ရှေ့ဆောင်ဦးကုမ္ပဏီက  Lot 2 စုစုပေါင်းလုပ်ငန်း ရှစ်ခု ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ 
-
ငွေသန်း၊ ဝေယံ(ဇလွန်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...