Social Icons

Pages

Thursday, February 21, 2019

သမိုင်းယဉ်ကျေးမှုနှင့် ရှေးဟောင်းသုတေသန တန်ဖိုးများကို သိရှိလေ့လာနိုင်မည့် ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ(၂) ကျင်းပ

-
ရန်ကုန်  ဖေဖော်ဝါရီ  ၂ဝ 
-
သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာနမှ သမိုင်းယဉ်ကျေးမှု တန်ဖိုးနှင့် ရှေးဟောင်းသုတေသန တန်ဖိုးတို့ကို ပြည်သူအများသိရှိလေ့လာနိုင်မည့်ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ (၂) (Museum Activity II)ကို  ယနေ့တွင်  အမျိုးသားပြတိုက် (ရန်ကုန်) ဘက်စုံခန်းမ၌ ကျင်းပသည်။ 
-
အမျိုးသားပြတိုက်သည် နိုင်ငံတစ်နိုင်ငံ၏ အမျိုးသားအဆင့် (National Level) ရှိပြတိုက်ဖြစ်ပြီး ယင်းပြတိုက်၌ နိုင်ငံ၏ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုတန်ဖိုး၊ရှေးဟောင်း သုတေသနတန်ဖိုးစသည်တို့ကို ပြည်သူလူထုစိတ်ပါဝင်စားလာစေရန် အထူးပြပွဲများခင်းကျင်းပြသခြင်းမှာ ပြတိုက်၏ အရေးပါသောအခန်းကဏ္ဍတွင်  ပါဝင်လျက်ရှိသည်။ 
-
အဆိုပါ ပြတိုက်လှုပ်ရှားမှု ပန်းချီပြပွဲ (၂)တွင် ပန်းချီဆရာ ၇၄ ဦးတို့၏ အနုပညာ လက်ရာမြောက် ရေးဆွဲထားသည့် ရေဆေး၊  ဆီဆေး၊အခရွိုင်းလစ်ပန်းချီ လက်ရာမွန်များ ပါဝင်ပြသကြပြီး ဖေဖော်ဝါရီ ၂ဝ ရက်မှ ၂၈ ရက်အထိ  ပြသလျက်ရှိကြောင်းသိရသည်။ 
-
ထို့ပြင် ပန်းချီပညာကို စိတ်ပါဝင်စားစွာ လေ့လာလိုသူများအတွက်  ဖေဖော်ဝါရီ ၂၃ ရက်တွင် ပြတိုက်ပန်းချီဆိုင်ရာ ပညာပေးဆွေးနွေးပွဲ တစ်ရပ်ကို ကျင်းပ၍  ပန်းချီကိုချစ်မြတ်နိုးသောပရိသတ်များအားမေတ္တာတုံ့ပြန်သည့် အနေဖြင့်  ပန်းချီဆရာ၇၄ ဦးတို့က ၎င်းတို့ကိုယ်တိုင် ရေးဆွဲထားသည့် ၈ လက်မ x ၆  လက်မအရွယ်ပန်းချီကားများကိုလည်းအထူးဈေးနှုန်းများဖြင့် ရောင်းချပေးမည်ဖြစ်ကြောင်း သိရသည်။
-
#မြ၀တီနေ့သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...