Social Icons

Pages

Wednesday, February 13, 2019

ဒေသထွက် ကုန်ပစ္စည်းများနှင့် အသိပညာပေး ပြခန်းများ ခင်းကျင်းပြသ

ဒေသထွက် ကုန်ပစ္စည်းများနှင့် အသိပညာပေး ပြခန်းများ ခင်းကျင်းပြသ
-
ပခုက္ကူ ဖေဖော်ဝါရီ  ၁၂ 
-
(၇၂)နှစ်မြောက် ပြည်ထောင်စုနေ့နှင့် လွတ်လပ်ရေး ဗိသုကာဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ (၁ဝ၄)နှစ်ပြည့် မွေးနေ့အထိမ်းအမှတ်အဖြစ် ပခုက္ကူမြို့ ခရိုင် အားကစားကွင်း၌ ယခုအခါ ဒေသထွက်ကုန်ပစ္စည်းများနှင့် အသိပညာပေးပြခန်းများခင်းကျင်းပြသထားရာလာရောက် လေ့လာအားပေးသည့် ပြည်သူများဖြင့် စည်ကားလျက် ရှိကြောင်း သိရသည်။ 
-
အဆိုပါပြခန်းများတွင် ပညာရေး၊ ကျန်းမာရေး၊ စည်ပင်သာယာ၊ မီးသတ်၊ စိုက်ပျိုးရေး၊ ကြက်ခြေနီ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊သစ်တောစသည့် ဌာနဆိုင်ရာများအလိုက် အသိပညာပေးပြခန်းများ၊  ပခုက္ကူ တက္ကသိုလ် ဘာသာရပ်ဆိုင်ရာများအလိုက် ဝိဇ္ဇာ၊ သိပ္ပံ၊ နည်းပညာစသည့် ဘာသာရပ်ဆိုင်ရာ သိမှတ်ဖွယ်ရာ ပြခန်းများ၊ အဝတ်အထည်များ၊ ကြိမ်ထည်ပစ္စည်းများ၊ သနပ်ခါးတုံးနှင့် ဒေသထွက် လူသုံးကုန်ပစ္စည်းများ၊ မုန့်အမျိုးမျိုးနှင့် ဒေသထွက် စားသုံးကုန်ပစ္စည်းအရောင်းပြခန်းများ၊ ပုဂ္ဂလိကဘဏ်များနှင့် ဖုန်းဆိုင်များ၏ ပြည်သူ့ဝန်ဆောင်မှုဆိုင်ရာပြခန်းများ၊ လူမှုရေးအသင်း အဖွဲ့များ၏ဒေသဖွံ့ဖြိုး တိုးတက်ရေး လုပ်ငန်းဆောင်ရွက်မှု ဓာတ်ပုံနှင့်အဖွဲ့အစည်း၏ ရည်ရွယ်ချက်များပြသထားသည့်ပြခန်းများစုစုပေါင်းပြခန်း ၃ဝ ကျော်ပြသထားရာလာရောက်လေ့လာ ကြည့်ရှုကြသည့် ပြည်သူများကဝယ်ယူအားပေးကြသည်။ 
-
ယင်းပြပွဲတွင် ကာယအလှမောင်နှင့် ကာယအလှမယ်ပြိုင်ပွဲ၊ ကလေးပဒေသာကပွဲ၊ အကအလှပဒေသာပွဲ၊  မသန်စွမ်း အဆိုနှင့်ပြဇာတ်၊ မြေလတ်ဧရာဖလားနှင့်ချစ်ကြည်ရေးဘောလုံးပြိုင်ပွဲများဆက်လက်ကျင်းပမည်ဖြစ်ကြောင်း ပခုက္ကူ လူငယ်ကွန်ရက် အသင်း ဥက္ကဋ္ဌ၏ ပြောပြချက်အရသိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...