Social Icons

Pages

Wednesday, February 13, 2019

ဥက္ကလာဂေါက်ကွင်း တတိယကော်နာ (၉) ကျင်း ဖွင့်လှစ်

ဥက္ကလာဂေါက်ကွင်း တတိယကော်နာ (၉) ကျင်း ဖွင့်လှစ်
-
ရန်ကုန် ဖေဖော်ဝါရီ ၁၂ 
-
ဥက္ကလာ ဂေါက်ကွင်းသည် ရန်ကုန်မြို့တွင်းနှင့် အနီးစပ်ဆုံး နေရာတွင် တည်ရှိကာ နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်းအဖြစ် အဆင့်မြင့်တင် ထားရှိပြီး ကောင်းမွန်သော ၀န်ဆောင်မှုများကြောင့်ပြည်တွင်းမှသာမက နိုင်ငံခြားသား ဂေါက်သီးရိုက် အားကစားသမား အများအပြားပါ လာရောက် ကစားလျက်ရှိသည်။ 
-
ထို့ပြင် ညပိုင်းအချိန်များတွင် ဂေါက်သီးရိုက် ကစားနိုင်ရန် Night Golf အား ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်မြို့၏ လိုအပ်ချက်နှင့် နိုင်ငံတကာမှ ဂေါက်သီးရိုက်အားကစားသမားများလာရောက် ကစားနိုင်ရန်အတွက်အကောင်းဆုံးကွင်းပြင်ဆင်မှု၊ ဝန်ဆောင်မှုများဖြင့် နိုင်ငံတကာ အဆင့်မီ တတိယကော်နာ (၉)ကျင်းအား (၇၂)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုသောအားဖြင့် ယနေ့တွင် စတင် ဖွင့်လှစ်ခဲ့သည်။ 
-
ယခု ဖွင့်လှစ်လိုက်သော တတိယကော်နာ (၉)ကျင်း၏ T ခုံ၊ Green နှင့် Fairway အားလုံးသည် Metrella မြက်အမျိုးအစားဖြင့် အဆင့်မီ တည်ဆောက်ထားပြီး အဆိုပါ တတိယကော်နာတွင် Hole-in-One တစ်ချက်တည်း ကျင်းဝင်ဆုအဖြစ် ဂျာမနီနိုင်ငံထုတ် Borgward BX5 Model Brand New အသစ်စက်စက် ကားတစ်စီးချီးမြှင့် ပေးသွားမည် ဖြစ်ကြောင်းနှင့် ကောင်းမွန်သော ဝန်ဆောင်မှုများကြောင့် ပြည်တွင်း၊ ပြည်ပဂေါက်သီးရိုက် အားကစား သမားများအတွက် ရွေးချယ်ရန် အသင့်လျော်ဆုံးသော ဂေါက်ကွင်း တစ်ကွင်း ဖြစ်လာတော့မည် ဖြစ်ကြောင်းသိရသည်။
-
အေးမင်း
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...