Social Icons

Pages

Thursday, January 24, 2019

ၾသစေၾတးလ် နိုင်ငံတွင် ခြေစမ်းပွဲ ကစားရန် မြန်မာ ယူ- ၁၆ အမျိုးသမီး အသင်း အပြီးသတ် လူရွေးချယ်

သြစတြေးလျ နိုင်ငံတွင် ခြေစမ်းပွဲ ကစားရန် မြန်မာ ယူ- ၁၆ အမျိုးသမီး အသင်း အပြီးသတ် လူရွေးချယ်
-
ရန်ကုန် ဇန်နဝါရီ ၂၃
-
၂ဝ၁၉ အာရှ ယူ-၁၆ အမျိုးသမီး ခြေစစ်ပွဲ ဒုတိယ အဆင့်အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းသည် သြစတြေးလျ နိုင်ငံ၌ သွားရောက် လေ့ကျင့်မည်ဖြစ်ပြီးယင်းခရီးစဉ်အတွက် အပြီးသတ် ကစားသမား ၂၃ ဦးကို ရွေးချယ် လိုက်ပြီဖြစ်သည်။
-
-
ခြေစမ်းပွဲသွားရောက်ကစားမည့် မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းတွင် အုပ်ချုပ်သူ ဒေါက်တာ အောင်ကျော်ဦး၊ နည်းစနစ် အကြံပေး-ဦးအေးမောင်ကြီး၊ နည်းပြချုပ်ဒေါ်စန်းစန်းသိန်း၊ လက်ထောက် နည်းပြ ဒေါ်နွယ်နွယ်တိုး၊ ဂိုးနည်းပြ- ဒေါ်မေခင် ယမင်း၊ ကစားသမားများအဖြစ် ဂိုးသမား- ပိုးဥ၊ စိမ်းလဲ့လဲ့ဦး၊ ခင်မြတ်နိုး၊ နောက်တန်း-နော်လာ အယ်ဝါ၊ ဝင်းဝင်းလဲ့၊ ဖြူဖြူဝင်း၊ဆောင်းနှင်းဖွေး၊ ကေကေ၊ မေသက်မွန်မြင့်၊ မေသွေးကို၊ မေသူခိုင်၊ အလယ်တန်း-သန်းသန်းစိုး၊ ပုံ့ပုံ့ ပြည့်မောင်၊ ဝင်းဝင်း၊ ဝေဖူးအိမ်၊ ဂျုလိုင်ချာ၊ ရတနာဦး၊ နှင်းပွင့်အေး၊ ဇင်မာထွေး၊ ရှေ့တန်း-မြတ်နိုးခင်၊ ဆွေမာအောင်၊ ဆုပြည့်ပြည့်ကျော်၊ ရွှေဇင်မင်းတို့ပါဝင်ကြသည်။
-
မြန်မာ ယူ-၁၆ အမျိုးသမီး အသင်းသည် ဖေဖော်ဝါရီ ၉ ရက်မှ ၁၉ ရက်အထိ သြစတြေးလျနိုင်ငံ၌ လေ့ကျင့်မည်ဖြစ်ပြီး သြစတြေးလျ ယူ-၁၆ အမျိုးသမီးအသင်းနှင့် ခြေစမ်းပွဲနှစ်ပွဲ ယှဉ်ပြိုင်ကစားမည်ဖြစ်သည်။ မြန်မာ ယူ-၁၆ အမျိုးသမီး အသင်း၏ ယင်း ခရီးစဉ်မှာ ၁ဝ ရက်ကြာမြင့်မည်ဖြစ်ပြီး အပြီးသတ် ပြင်ဆင်မှုများ ပြုလုပ်မည်ဖြစ်သည်။
-
မြန်မာအသင်း ယှဉ်ပြိုင်မည့် အာရှ ယူ-၁၆  အမျိုးသမီး ခြေစစ်ပွဲ ဒုတိယ အဆင့်ကို ဖေဖော်ဝါရီ ၂၇ ရက်မှ မတ် ၃ ရက်အထိ မန္တလေးမြို့ရှိ မန္တလာ သီရိကွင်း၌ ကျင်းပမည်ဖြစ်ပြီး သြစတြေးလျခရီးစဉ်ပြီးဆုံးပါက ခြေစစ်ပွဲ အတွက် ဆက်လက် ပြင်ဆင်မည်ဖြစ်သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...