Social Icons

Pages

Thursday, January 24, 2019

ပြင်ဦးလွင်မြို့နယ်၊ အင်းကြီး ကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

ပြင်ဦးလွင်မြို့နယ်၊ အင်းကြီး ကျေးရွာရှိ ဒေသခံ ပြည်သူများအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော် ဇန်နဝါရီ ၂၃ 
-
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်၊ အင်းကြီးကျေးရွာရှိ ဒေသခံပြည်သူများအား ဇန်နဝါရီ ၂၂ ရက် နံနက်ပိုင်းတွင် အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့ကအဆိုပါကျေးရွာဘုန်း တော်ကြီး ကျောင်း၌ ကျန်းမာရေး စောင့်ရှောက် မှုလုပ်ငန်းများ ဆောင်ရွက်ပေးသည်။ 
-
ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့က ဒေသခံပြည်သူ ၁၃၉ ဦးတို့အားခွဲစိတ်ကုသမှုဆိုင်ရာရောဂါ၊ သားဖွား/ မီးယပ် ရောဂါ၊ ကလေးရောဂါ၊ အရိုး/အကြော ရောဂါ၊ နား/နှာခေါင်း/လည်ချောင်းရောဂါ၊ သွားနှင့် ခံတွင်းရောဂါ၊ မျက်စိရောဂါ၊ အထွေ ထွေရောဂါတို့နှင့်ပတ်သက်၍ လိုအပ်သည့် ဆေးဝါးကုသမှုများ ဆောင်ရွက် ပေးပြီး ECG စက်၊ Ultrasound စက်များဖြင့် ရောဂါရှာဖွေ စမ်းသပ်စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ 
-
ထို့ပြင် ဆေးရုံပြန်လည် ပြသရန် လိုအပ်သော ဒေသခံပြည်သူ ၁၃ ဦးကို ပြင်ဦးလွင် မြို့ရှိ တပ်မတော် ဆေးရုံသို့ ပြသနိုင်ရေး ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...