Social Icons

Pages

Monday, January 7, 2019

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်နှင့် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရန် အသိပေး

မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း စီးပွားရေး လုပ်ငန်း လုပ်ကိုင်ခွင့်လိုင်စင်နှင့် အိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရန် အသိပေး
-
မန္တလေး  ဇန်နဝါရီ  ၆ 
-
မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီနယ်နိမိတ် အတွင်းရှိ မည်သည့်စီးပွားရေး လုပ်ငန်းမဆို လုပ်ငန်းလုပ်ကိုင်ခွင့် လိုင်စင်ကို စီမံရေးရာဌာနသို့ တင်ပြလျှောက်ထားရမည်ဖြစ်ပြီး ပြည်တွင်း၊ပြည်ပ လုပ်ငန်းရှင်များမှ အဆောက်အအုံငှားရမ်း၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ဆောင်ရွက်ခြင်းတို့ အတွက်လည်း မန္တလေးမြို့တော်စည်ပင်သာယာရေး ကော်မတီတည်းခိုခန်း၊ ဘော်ဒါဆောင်နှင့် အခန်းလိုက်ငှားသော အဆောက်အအုံများ ဆိုင်ရာ နည်းဥပဒေ ၃ အရ အိမ်ပိုင်ရှင်က အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင် လျှောက်ထားရန်   အသိပေးထားကြောင်း သိရသည်။
-
မြန်မာငွေဖြင့်ဖြစ်စေ၊ နိုင်ငံခြားငွေဖြင့် ဖြစ်စေ ငှားရမ်းခယူ၍ အငှားချထားသော လူနေအိမ်၊အခန်း၊  ဘော်ဒါဆောင်နှင့် အဆောက်အအုံများ၏ အငှားအိမ်ငှားပိုင်ခွင့် လုပ်ငန်းလိုင်စင်အား ၂ဝ၁၈-၂ဝ၁၉ ဘဏ္ဍာနှစ်မှစတင်၍    လျှောက်ထားရမည်ဖြစ်ပြီး မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ် အတွင်း မြေများကို အုပ်စု (A)(B)(C) သတ်မှတ်ပြီး ယင်းအုပ်စုရှိ မြေကွက်များကို မြေအမျိုးအစား ထပ်မံခွဲ၍ အုပ်စု (A)သည် လမ်းမကြီးပေါ်ရှိလျှင် (A1)၊ လမ်းကျယ်ပေါ်ရှိလျှင် (A2)၊ လမ်းကျဉ်းတွင်ရှိလျှင် (A3)ဟူ၍ လည်းကောင်း၊ (B1) (B2) (B3) ၊ (C1)(C2)(C3) ဟူ၍ လည်းကောင်း၊ သတ်မှတ်ပြီး မြေအမျိုးအစား၊ အဆောက်အအုံ အမျိုးအစားလိုက်  စတုရန်းပေ အကျယ်ပေါ် မူတည်၍ သင့်တင့်မျှတစွာ  လိုင်စင်ခများ  သတ်မှတ် ကောက်ခံသွားမည်ဖြစ်သည်။ 
-
မန္တလေးမြို့တော် စည်ပင်သာယာ နယ်နိမိတ်အတွင်း  ဆက်သွယ်ရေး တာဝါတိုင်များ စိုက်ထူ၍ ငှားရမ်းလုပ်ကိုင်ခြင်းများ ရှိရာ နေရာတစ်နေရာအတွက် ဘဏ္ဍာနှစ်တစ်နှစ်လျှင် ငွေကျပ် ၃ဝဝဝဝ ကောက်ခံသွားမည် 
ဖြစ်ကြောင်းသိရသည်။ 
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...