Social Icons

Pages

Wednesday, December 26, 2018

ဒီဇင်ဘာရုံး ပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် လာရောက်မှု များပြား

ဒီဇင်ဘာရုံး ပိတ်ရက် ပုဂံ-ညောင်ဦး ရှေးဟောင်း ယဉ်ကျေးမှုဇုန်သို့ ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည် လာရောက်မှု များပြား
-
ညောင်ဦး  ဒီဇင်ဘာ  ၂၅ 
-
ဒီဇင်ဘာရုံးပိတ်ရက်တွင် မန္တလေးတိုင်း ဒေသကြီး   ညောင်ဦးခရိုင်  ညောင်ဦးမြို့နှင့် ပုဂံမြို့ရှိ သမိုင်းဝင်ဘုရား၊ စေတီ ပုထိုးများသို့ ပြည်တွင်းပြည်ပဘုရားဖူး   ဧည့်သည်များ  များပြားစွာလာရောက်လျက်ရှိကြောင်း သိရသည်။ 
-
''ပွဲတော်အချိန်မဟုတ်တဲ့ အချိန်အခါမှာတောင်မှ ပုဂံဒေသမှာ ပြည်တွင်းပြည်ပခရီး သွားဧည့်သည်တွေမပြတ်ဝင်ပါတယ်။ သီတင်း ကျွတ်ရုံးပိတ်ရက်၊ တန်ဆောင်တိုင်ရုံးပိတ် ရက်၊ ဒီဇင်ဘာရုံးပိတ်ရက်တွေမှာပုဂံဒေသ ရဲ့အလွန်ရှေးကျပြီး    ပကတိ အတိုင်းရှိနေ သေးတဲ့ ဘုရားပုထိုးစေတီတွေ၊  သာသနိက အဆောက်အအုံတွေ၊ အုတ်ရိုးအုတ်ပုံတွေ က ခရီး သွားတွေကို ဆွဲဆောင်နိုင်တဲ့နေရာတွေပါ။ ပုဂံ-ညောင်ဦးဒေသကို ဘယ်နှခေါက်ရောက်ရောက် ကိုယ့်အရပ်ကိုယ့် နယ်ပြန် ရောက်ရင် ထပ်ကာထပ်ကာပြန်သွားချင်တဲ့ စိတ်ဖြစ်ရတယ်''ဟု ဘုရားဖူးလာရောက်သူတစ်ဦးက ပြောသည်။ 
-
ဒီဇင်ဘာရုံးပိတ်ရက်၊ ကျောင်းပိတ်ရက် အတွင်း ဘုရားဖူးပြည်သူများက သမိုင်းဝင်ဘုရား၊ စေတီပုထိုးများဖြစ်သည့် လောက နန္ဒာ စွယ်တော်မြတ်စေတီ၊ ဓမ္မရာဇကဘုရား၊ မနူဟာဘုရား၊ မြစေတီဘုရားနှင့် ကျောက်စာ၊ ရွှေစည်းခုံ စွယ်တော်မြတ်စေတီ၊ ထီးလိုမင်းလို၊ ဗူးဘုရား၊ ကန်တော့ပလ္လင်၊ ပုဂံရှေးဟောင်း သုတေသနပြတိုက်၊ တုရင်တောင် စွယ်တော် မြတ်စေတီ၊ အရှင်အဇ္ဇဂေါဏ၊ သဗ္ဗညုဘုရား၊ ဓမ္မရံကြီး၊ အာနန္ဒာဘုရား၊ စူဠာမဏိ၊ ရွှေဆံ တော်ဘုရား၊ ငှက်ပစ်တောင်ဘုရားများ၌  ကားလမ်းကြောပိတ်သည်အထိ၊  ကားထား သည့်နေရာ အခက်အခဲဖြစ်သည်အထိလာ ရောက် လေ့လာလည်ပတ်ကြကြောင်းသိရသည်။                 
-
ကိုထိန်(ငါ့သရောက်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...