
-
နေပြည်တော် ဒီဇင်ဘာ ၁၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ငိုမှူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များရှိ ဒေသခံ တိုင်းရင်းသား ပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့ က အဆိုပါကျေးရွာ ရှိ မူလ ပရိယတ္တိငိုမှူး ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့များက သံဃာတော် ၁၁ ပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၂၂ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊ သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး နောင်လေကျေးရွာ အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမ များနှင့် ဒေသခံ ပြည်သူ များအား စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:
Post a Comment