Pages

Wednesday, December 19, 2018

တောင်ကြီးမြို့နယ်၊ ငိုမှူး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ သံဃာတော်များနှင့် ဒေသခံ တိုင်းရင်းသား ပြည်သူ များအား ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်

တောင်ကြီးမြို့နယ်၊ ငိုမှူး ကျေးရွာနှင့် ပတ်ဝန်းကျင် ကျေးရွာများမှ  သံဃာတော်များနှင့်  ဒေသခံ တိုင်းရင်းသား ပြည်သူ များအား  ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်
-
နေပြည်တော်  ဒီဇင်ဘာ  ၁၈
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်၊ ငိုမှူးကျေးရွာနှင့် ပတ်ဝန်းကျင်ကျေးရွာ များရှိ  ဒေသခံ တိုင်းရင်းသား ပြည်သူများ အား ယနေ့နံနက်ပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၊ နယ်လှည့် ဆေးကုသရေးအဖွဲ့ က  အဆိုပါကျေးရွာ ရှိ  မူလ ပရိယတ္တိငိုမှူး ကျောင်းတိုက်၌ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများ ဆောင်ရွက်ပေးသည်။ ထိုသို့ဆောင်ရွက်ပေးရာတွင် ဆေးကုသ ရေးအဖွဲ့များက သံဃာတော် ၁၁ ပါးနှင့် ဒေသခံ တိုင်းရင်းသားပြည်သူ ၁၂၂ ဦးတို့ကို သွားနှင့် ခံတွင်းရောဂါ၊ အရိုး/အကြောရောဂါ၊  သားဖွား/မီးယပ်ရောဂါ၊ သွေးတိုးရောဂါ၊ ကလေးရောဂါ၊ ဆီးချို၊ သွေးချိုရောဂါ၊ အထွေ ထွေရောဂါတို့နှင့် ပတ်သက်၍ လိုအပ်သည့် ကျန်းမာရေး စစ်ဆေးကုသပေးခြင်းများ ဆောင် ရွက်ပေးသည်။
-
ယင်းသို့ဆောင်ရွက်ပေးမှုများကို တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေး၍ လိုအပ် သည်များ ညှိနှိုင်း ဆောင်ရွက်ပေးပြီး နောင်လေကျေးရွာ  အခြေခံပညာ အလယ်တန်းကျောင်း(ခွဲ)သို့ သွားရောက်၍ ဆရာ၊ ဆရာမ များနှင့် ဒေသခံ ပြည်သူ များအား  စားသောက် ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-


#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment