
-
နေပြည်တော် ဒီဇင်ဘာ ၅
-
တြိဂံဒေသတိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ် တိုင်းမှူးဒိုင်း (အမျိုးသား/ အမျိုးသမီး) ပြေးခုန်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်ပိုင်းတွင် ကျိုင်းတုံတပ်နယ် အားကစားကွင်း၌ ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်ခင်လှိုင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဒိုင်အဖွဲ့ဝင်များ၊ ပြိုင်ပွဲဝင်အသင်းများနှင့် အားကစား ဝါသနာရှင်များ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြော ကြားပြီး တက်ရောက်လာကြသူများနှင့် အတူပြိုင်ပွဲဝင် အသင်းများ၏ ပြိုင်ပွဲအမျိုးအစားအလိုက် ပထမနေ့ပွဲစဉ်များ ယှဉ်ပြိုင်နေမှုများကို ကြည့်ရှုအားပေးကြသည်။
-
အဆိုပါတိုင်းမှူးဒိုင်း ပြေးခုန်ပစ်ပြိုင်ပွဲကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ ပြိုင်ပွဲဝင် အမျိုးသားအသင်း ၁၂သင်း၊ အမျိုးသမီးအသင်း ၁၂ သင်းဖြင့် ဒီဇင်ဘာ ၇ ရက်အထိ ယှဉ်ပြိုင် ကစားသွားမည်ဖြစ်ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment