-
နေပြည်တော် နိုဝင်ဘာ ၈
-
ငြိမ်းချမ်းရေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာတင်မျိုးဝင်းနှင့် တရုတ် ပြည်သူ့သမ္မတနိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန၏ အာရှရေးရာအထူး ကိုယ်စားလှယ် H.E. Mr. Sun Guoxiang တို့သည် ယနေ့နံနက် ၁ဝနာရီတွင် နေပြည်တော်ရှိ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ငြိမ်းချမ်း ရေးဗဟိုဌာန၌ တွေ့ဆုံကြသည်။
-
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အမြင်ချင်းဖလှယ်ဆွေးနွေးကြသည်။
-
ထို့နောက် ငြိမ်းချမ်းရေး ကော်မရှင်အတွက် တရုတ်ပြည်သူ့ သမ္မတနိုင်ငံမှ လှူဒါန်းသည့် အမေရိကန်ဒေါ်လာ သုံးသိန်းကို အာရှရေးရာ အထူးကိုယ်စားလှယ် H.E. Mr. Sun Guoxiang က ပေးအပ်လှူဒါန်းရာ ငြိမ်းချမ်းရေး ကော်မရှင် ဥက္ကဋ္ဌ ဒေါက်တာ တင်မျိုးဝင်းက လက်ခံ ရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပြန်လည်ပေးအပ်သည်။
-
အဆိုပါ တွေ့ဆုံပွဲသို့ ငြိမ်းချမ်းရေး ကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးသိန်းဇော်နှင့် တာဝန်ရှိသူများ တက်ရောက်ကြကြောင်း သိရသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment