-
နေပြည်တော် နိုဝင်ဘာ ၈
-
မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်၊ ကသစ်ကန်ကျေးရွာနေ ဦးစိုးညွန့်သည် နိုဝင်ဘာ ၇ ရက် ည ၈ နာရီ မိနစ် ၂ဝ ခန့်တွင် ၎င်း၏ နေအိမ်ခြံဝင်းအတွင်း နွားတင်းကုပ် ဆောက်လုပ်ရန်အတွက် သပြေပင်ငုတ်ကို တူးဖော်စဉ် အလျား ၁၄ ဒသမ ၅ လက်မ၊ လုံးပတ် ၁ ပေခန့်ရှိ ဗုံးသီးဟောင်းတစ်လုံးအား တူးဖော်တွေ့ရှိခဲ့သည်။
-
အဆိုပါဗုံးသီးဟောင်းအား အောင်လံမြို့နယ်ရဲစခန်းမှ နယ်မြေခံတပ်ရင်းသို့ လွှဲပြောင်း အပ်နှံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့် အညီ ဆက်လက်ဆောင်ရွက် သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment