Social Icons

Pages

Monday, November 12, 2018

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား ရှမ်းပြည်နယ်အသင်းက ဆွတ်ခူးရရှိ

တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီး ဘောလုံးပြိုင်ပွဲ တံခွန်စိုက်ဆုဖလားအား ရှမ်းပြည်နယ်အသင်းက ဆွတ်ခူးရရှိ
-
နေပြည်တော် နိုဝင်ဘာ ၁၁
-
တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် ၁၉ နှစ်အောက် အမျိုးသမီးဘောလုံးပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲကို ယနေ့ ညနေပိုင်းတွင် နေပြည်တော်ရှိ ဝဏ္ဏသိဒ္ဓိဘောလုံးအားကစားကွင်း၌ ကျင်းပသည်။
-
တတိယနေရာလုပွဲစဉ်အဖြစ် နံနက် ၇ နာရီခွဲတွင် မန္တလေးတိုင်း ဒေသကြီးအသင်းနှင့် ဧရာဝတီတိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ မန္တလေးတိုင်းဒေသကြီးအသင်းက ဧရာဝတီတိုင်းဒေသကြီးအသင်းကို ၇ ဂိုး-၂ ဂိုးဖြင့် အနိုင်ရရှိသည်။
-
ဗိုလ်လုပွဲ ပွဲစဉ်အဖြစ် ညနေ ၃ နာရီတွင် ရှမ်းပြည်နယ်အသင်းနှင့် ရန်ကုန်တိုင်းဒေသကြီး အသင်းတို့ ယှဉ်ပြိုင် ကစားကြရာ ရှမ်းပြည်နယ်အသင်းက ရန်ကုန်တိုင်းဒေသကြီး အသင်းကို ၂ ဂိုး- ၁ ဂိုးဖြင့် အနိုင်ရ ဗိုလ်စွဲသွားသည်။
-
ပြိုင်ပွဲအပြီး ဆုပေးပွဲ အခမ်းအနားကိုကျင်းပရာ တစ်ဦးချင်း အကောင်းဆုံး ကစားသမားဆု ရရှိသူများ၊ တတိယဆု ရရှိသော မန္တလေးတိုင်း ဒေသကြီးအသင်း၊ ဒုတိယဆုရရှိသော ရန်ကုန် တိုင်းဒေသကြီး အသင်းနှင့် ပထမဆုရရှိသော ရှမ်းပြည် နယ် အသင်းတို့ အား တာဝန်ရှိသူများက ငွေသားဆုနှင့် တစ်ဦးချင်းဆုတံဆိပ်များကို အသီးသီး ပေးအပ် ချီးမြှင့်သည်။
-
ဆက်လက်၍ အမျိုးသမီး တံခွန်စိုက်ဆုဖလား ရရှိသော ရှမ်းပြည်နယ် အသင်းအား ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဒေါက်တာ မြလေးစိန်က တံခွန်စိုက်ဆု ပေးအပ်ခဲ့ကြောင်း သိရသည်။
-
မောင်မောင်စိုး
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...