-
တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်သို့ ရောက်ရှိနေသော ဧည့်သည်တော် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E.Mr.Song Tao အား နိုဝင်ဘာ ၇ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ ရွှေစံအိမ်ဟိုတယ်၌ လက်ခံတွေ့ဆုံ၍ နိုင်ငံတော်တွင် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်နှင့် ဖွံ့ဖြိုးတိုးတက်ရေး ဆောင်ရွက်နေသည်များကို ဆွေးနွေး သည်။
-
ထိုသို့တွေ့ဆုံရာတွင် ဦးစွာဧည့်သည်တော် ဝန်ကြီးက မြန်မာ့တပ်မတော်သည် မြန်မာနိုင်ငံ၏ နိုင်ငံရေး၊ နိုင်ငံတော် တည်ငြိမ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသည့် အခန်း ကဏ္ဍတွင်ပါဝင်လျက်ရှိသည်ကို သိရှိပါကြောင်း၊ မိမိတို့ တရုတ်ကွန်မြူနစ် ပါတီအနေဖြင့် မြန်မာ့ တပ်မတော်နှင့် ဆက်ဆံရေးကို အထူးအလေးထားပါကြောင်း၊ ယခု ချစ်ကြည်ရေး ခရီး စဉ်တွင် မြန်မာနိုင်ငံရှိ နိုင်ငံရေး အင်အားစု အသီးသီးနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုတိုးမြှင့် ဆောင်ရွက်နိုင်မည်ဟု ယုံကြည်ပါကြောင်း၊ နှစ်နိုင်ငံနှင့် တပ်မတော် နှစ်ရပ်အကြား ဆက်ဆံမှု တိုးတက်ခိုင်မာစေရေး၊ မြန်မာနိုင်ငံ၏ ပြည်တွင်း ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးများတွင် မြန်မာ့ တပ်မတော်နှင့် ပူးပေါင်းဆောင်ရွက် သွားမည်ဖြစ်ကြောင်း ပြောကြား သည်။
-
ထို့နောက် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်က မြန်မာ-တရုတ် နှစ်နိုင်ငံသည် မိတ်ဆွေ ဟောင်း၊ မိတ်ဆွေကောင်း နိုင်ငံများဖြစ်သဖြင့် ရှိရင်းစွဲ ကောင်းမွန်သည့် ဆက်ဆံရေးကို မထိခိုက်ရန်နှင့် ဆက်လက် ထိန်းသိမ်း ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများတွင် တရုတ်နိုင်ငံ၏ ရပ်တည်ချက်ကို ယခုထက် ပိုမိုမြှင့်တင် ရန်နှင့် နိုင်ငံရေး အင်အားစုများ အချင်းချင်း ချစ်ကြည်ရင်းနှီးမှု၊ ပြည်သူချင်းရင်းနှီးမှု၊ တိုင်းရင်း သားချင်း ရင်းနှီးမှုများကိုပါ မြှင့်တင်ဆောင်ရွက်ရန် အကြံပြု ပြောကြားလိုကြောင်း၊ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် လိုအပ်ချက်များအား ဆောင်ရွက်ပေးစေလိုကြောင်း၊ မိမိ တရုတ် ပြည်သူ့ သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်နှင့် တွေ့ဆုံစဉ်ကလည်း မိမိတို့နိုင်ငံ တည်ငြိမ် အေးချမ်းရေး၊ စည်းလုံး ညီညွတ်ရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးတို့အတွက် ရင်းနှီးပွင့်လင်းစွာ ဆွေးနွေး ပြောကြားခဲ့ကြောင်း၊ နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်ပေးရန်လိုကြောင်း၊ ပြည်တွင်းငြိမ်းချမ်းရေး ရရှိရန်အတွက် တပ်မတော် အနေဖြင့် အလေးထား ဆောင်ရွက်လျက်ရှိကြောင်း၊ ငြိမ်းချမ်းရေးဆိုသည်မှာ လက်နက်ကိုင် တောင်းဆို၍မရဘဲ ဆွေးနွေးခြင်းဖြင့်သာ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်း ပြောကြားသည်။
-
ယင်းနောက် နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှု တိုးမြှင့်ဆောင်ရွက်ရေးဆိုင်ရာ ကိစ္စရပ်များ၊ မြန်မာ နိုင်ငံ၏ ဒီမိုကရေစီ လမ်းကြောင်းပေါ်တွင် လျှောက်လှမ်းနေမှု အခြေအနေများနှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရန်အတွက် အစိုးရနှင့် တပ်မတော်မှ ဆောင်ရွက်နေမှု အခြေအနေများ၊ ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ၏ ရပ်တည်ဆောင်ရွက်ချက်များ၊ နှစ်နိုင်ငံနှင့် နှစ်နိုင်ငံ တပ်မတော် နှစ်ရပ်အကြား ချစ်ကြည်ရင်းနှီးမှု ပိုမိုတိုးတက်ခိုင်မာအောင် ဆောင်ရွက်နေမှု အခြေအနေများအား ရင်းနှီးပွင့်လင်းစွာ အမြင်ချင်းဖလှယ် ဆွေးနွေးခဲ့ကြ သည်။
-
တွေ့ဆုံပွဲအပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်သည် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ်ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီး H.E.Mr.Song Tao အား အလုပ်သဘော နေ့လယ်စာဖြင့် တည်ခင်းဧည့်ခံသည်။ နေ့လယ်စာ သုံးဆောင် အပြီးတွင် တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၊ တရုတ် ကွန်မြူနစ်ပါတီ၊ နိုင်ငံတကာ ဆက်ဆံရေးဝန်ကြီးတို့သည် အမှတ်တရ လက်ဆောင် ပစ္စည်းများ အပြန်အလှန် ပေးအပ်ခဲ့ကြသည်။
-
သို့ဖြစ်၍ နှစ်ပေါင်းရှည်ကြာစွာ အိမ်နီးချင်းကောင်းအဖြစ် ချစ်ကြည်ရင်းနှီးစွာ အတူယှဉ်တွဲ နေထိုင်ကြသော ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်နှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံတို့ ၏ ဆက်ဆံရေး အဓွန့်ရှည်ကြာပါစေကြောင်း မြဝတီက ဆုတောင်းမေတ္တာ ပို့သလိုက်ရပါ သည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment