-
နေပြည်တော် နိုဝင်ဘာ ၁၉
-
ကမ်းရိုးတန်းဒေသတိုင်းစစ်ဌာနချုပ်၏ မြန်မာ့ သိုင်းအခြေခံသင်တန်းအမှတ်စဉ်(၂/၂ဝ၁၈)သင်တန်းဆင်းပွဲကို ယနေ့နံနက်ပိုင်းတွင် တိုင်းစစ်ဌာနချုပ် အားကစားကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်သောင်းထိုက်ရွှေနှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ သင်တန်းနည်းပြများ၊ သင်တန်းသားများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက သင်တန်းဆင်းအမှာ စကားပြောကြားပြီး တက်ရောက်လာကြသူ များနှင့်အတူ သင်တန်းသားများ၏ မြန်မာ့ သိုင်းသရုပ်ပြသမှုများအား ကြည့်ရှုအားပေး ကြသည်။ ထို့နောက် ဆုရရှိသူများနှင့် သင်တန်းနည်းပြများအား တိုင်းမှူးနှင့်အဖွဲ့ဝင် များက ဂုဏ်ပြုဆုများအသီးသီးပေးအပ်ကြ သည်။
-
အဆိုပါသင်တန်းကို တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက် တပ်ရင်း/တပ်ဖွဲ့များမှ သင်တန်းသား ၆၆ ဦးနှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင် ၁၅ ဦးတို့ဖြင့် အောက်တိုဘာ ၁ ရက်မှ ယနေ့ အထိ ဖွင့်လှစ်သင်ကြား လေ့ကျင့် ပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment