Social Icons

Pages

Monday, November 12, 2018

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ

အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် မိုင်းတစ်လုံး နင်းမိပေါက်ကွဲ၍ ဒေသခံပြည်သူတစ်ဦး ထိခိုက်ဒဏ်ရာ ရရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၁၁
-
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဖလူးကျေးရွာအုပ်စု၊ မင်းလက်ပံကျေးရွာနေ ဇော်ဝင်းဌေး (ဘ) ဦးမှတ်ကြီးသည် သူငယ်ချင်းဖြစ်သူ မောင်နိုင်နှင့်အတူ နိုဝင်ဘာ ၁ဝ ရက် နံနက်၁၁ နာရီခန့်တွင် ဖလူးကျေးရွာ၏ တောင်ဘက် ၅ မိုင်ခန့်အကွာ၌ ဝဥတူးဖော်နေစဉ် အကြမ်းဖက်သောင်းကျန်းသူများ ထောင်ထားသည့် နင်းမိုင်းတစ်လုံးအား ဇော်ဝင်းဌေးမှ နင်းမိပေါက်ကွဲသဖြင့် ၎င်းတွင် မိုင်းစထိမှန် ဒဏ်ရာများရရှိကာ မြဝတီမြို့ပြည်သူ့ဆေးရုံ၌  တက်ရောက်ဆေးကုသမှု ခံယူလျက်ရှိသည်။
-
အဆိုပါမိုင်းထိလူနာအား  နယ်မြေခံတပ်မှ တပ်မတော်အရာရှိကြီးများက သွားရောက်ကြည့်ရှု အားပေးစကား ပြောကြားပြီး စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်းရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...