Social Icons

Pages

Monday, November 12, 2018

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၌ ဘက်ဟိုးယာဉ်ဖြင့် ရေမြောင်း တူးဖော်ရာမှ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ

မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၌ ဘက်ဟိုးယာဉ်ဖြင့် ရေမြောင်း တူးဖော်ရာမှ ဗုံးသီးဟောင်း တစ်လုံးတွေ့ရှိ
-
နေပြည်တော်  နိုဝင်ဘာ  ၁၁ 
-
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့၊ ခေမာသီရိရပ်ကွက်၊ သမိန်ဒေါရသီလရှင်ကျောင်းရှေ့၌ ခိုင်မာသောပန်းတိုင် ကုမ္ပဏီမှ ဦးသန့်ဇင်ဦးသည် နိုဝင်ဘာ ၁ဝ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်ခန့်တွင် ဘက်ဟိုးယာဉ်ဖြင့် လမ်းဘေးရေမြောင်းအား တူးဖော်စဉ် အလျား ၃ ပေ ၅ လက်မ၊ လုံးပတ် ၂ ပေ ၁ဝ လက်မ ခန့်ရှိ စစ်ကျန်လေယာဉ် ဗုံးသီးဟောင်းတစ်လုံးအား တူးဖော်တွေ့ရှိခဲ့သည်။
-
အဆိုပါဗုံးသီးဟောင်းအား မြစ်ကြီးနား မြို့နယ်ရဲစခန်းမှ နယ်မြေခံ စစ်မြေပြင်အင်ဂျင်နီယာ တပ်ရင်းသို့   လွှဲပြောင်းအပ်နှံခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ   ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း  သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...