Social Icons

Pages

Monday, November 12, 2018

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၇)ကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်

အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၇)ကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော် မင်္ဂလာပြုလုပ်
-
နေပြည်တော်  နိုဝင်ဘာ  ၁၁ 
-
အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်၏ (၅၇)ကြိမ်မြောက် စုပေါင်းဘုံကထိန် အလှူတော်မင်္ဂလာကို ယနေ့နံနက်ပိုင်းတွင် ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ  မင်္ဂလာဂူပရိယတ္တိ ဝိပဿနာရိပ်သာကျောင်း ဝိမုတ္တိသုခကျောင်းတိုက်၌ ပြုလုပ်ရာ တောင်ကြီးမြို့၊ တပ်ဦးဥတ္တရာရုံ ပရိယတ္တိစာသင်တိုက် ပဓာနနာယကဆရာတော် ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တပညာသီရိ အမှူးပြုသော သံဃာတော်များ ကြွရောက်တော်မူကြပြီး တိုင်းမှူး ဗိုလ်ချုပ် လင်းအောင်နှင့် အရာရှိ၊ စစ်သည်၊ မိသားစုများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
-
-
ဦးစွာ တိုင်းမှူးနှင့် တက်ရောက်လာကြသူများက ပြည်နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ ဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး သံဃာတော်များ ရွတ်ပွားသရဇ္ဈာယ်တော်မူကြသော  ပရိတ်တရားတော်များကို နာယူကြသည်။ ထို့နောက် တိုင်းမှူးနှင့် တက်ရောက်လာကြသူများက သံဃာတော်များထံ ကထိန်လျာဉတ်သင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့်နေ့ဆွမ်း ဆက်ကပ်လှူဒါန်းကြသည်။
-
အဆိုပါစုပေါင်းမဟာဘုံကထိန် အလှူတော် မင်္ဂလာတွင် တိုင်းစစ်ဌာနချုပ်မှ အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် အလှူရှင်များမှ လှူဒါန်းသည့် ငွေကျပ်သိန်း ၇ဝ ကျော်တန်ဖိုးရှိ ကထိန်လျာသင်္ကန်း၊ လှူဖွယ်ပစ္စည်းများနှင့် နဝကမ္မအလှူငွေများ ပါဝင်သော ပဒေသာပင် ၁၂ ခုကို နိုဝင်ဘာ ၁ဝ ရက် နေ့လယ်ပိုင်းတွင် မင်္ဂလာဂူပရိယတ္တိ  ဝိပဿနာရိပ်သာကျောင်းသို့ ပို့ဆောင် လှူဒါန်းခဲ့ကြောင်း သတင်း ရရှိသည်။
-
(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ


No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...