-
နေပြည်တော်၊ နိုဝင်ဘာ -၁၃
-
က်အရ တရုတ်ပြည်သူ့သမ္မတနိုင်ငံတွင် ကျင်းပပြုလုပ်မည့် တတိယအကြိမ်မြောက် တရုတ်- မြန်မာ မဟာဗျူဟာလုံခြုံရေးဆိုင်ရာဆွေးနွေးပွဲသို့ တက်ရောက်ရန်နှင့် ချစ်ကြည်ရေးခရီးစဉ် ဆောင်ရွက်ရန်အတွက် ဒုတိယတပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော်ကိုယ်စားလှယ်အဖွဲ့သည် နိုဝင်ဘာ ၁၂ ရက် နံနက်ပိုင်းတွင် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်မှ ထွက်ခွာလာရာ ဒေသစံတော်ချိန် ည ၇ နာရီခွဲတွင် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၊ ကွမ်ကျိုး လေဆိပ်သို့ ရောက်ရှိကြသည်။
-
ဒုတိယ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဦးဆောင်သော မြန်မာ့တပ်မတော် ကိုယ်စားလှယ်အဖွဲ့အား တရုတ်ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်၊ တောင်ပိုင်းစစ်နယ်ဝန်း ကွပ်ကဲမှုဌာနချုပ်မှ ဒုတိယစစ်ဦးစီးချုပ်(Deputy Chief of Joint Staff) Major General Tan Jianming၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံစစ်သံမှူး Senior Colonel Xiong Shaowei၊ တရုတ် နိုင်ငံဆိုင်ရာ မြန်မာစစ်သံ(ကြည်း၊ ရေ၊ လေ) ဗိုလ်မှူးချုပ် တင့်ဆန်းနှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ခဲ့ကြကြောင်း သတင်းရရှိသည်
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment