-
စင်ကာပူ နိုဝင်ဘာ ၁၃
-
စင်ကာပူနိုင်ငံ၌ရောက်ရှိနေသည့် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့တွင် (၃၃)ကြိမ် မြောက် အာဆီယံထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများဖွင့်ပွဲအခမ်းအနား၊ ASEAN Business Advisory Councilမှ အာဆီယံစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှုအခြေအနေနှင့် အလားအလာများကို အာဆီယံနိုင်ငံ့ ခေါင်းဆောင် များထံ တင်ပြသည့်အခမ်းအနား၊ စင်ကာပူနိုင်ငံ ဝန်ကြီးချုပ် မစ္စတာ လီရှန်လုံးက တည်ခင်းဧည့်ခံသည့် အလုပ်သဘော ညစာ စားပွဲနှင့် (၃၃)ကြိမ်မြောက် အာဆီယံမျက်နှာစုံညီထိပ်သီး အစည်းအဝေး တို့သို့ တက် ရောက်သည်။
-
နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်သည် ယနေ့ဒေသစံတော်ချိန်ညနေ ၅ နာရီခွဲတွင် စင်ကာပူနိုင်ငံ Suntec Expo Convention Center ၌ ကျင်းပသည့် (၃၃)ကြိမ်မြောက် အာဆီယံ ထိပ်သီး အစည်းအဝေးနှင့် ဆက်စပ် အစည်း အဝေး များဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်သည်။
-
ဖွင့်ပွဲအခမ်းအနားမစတင်မီ အာဆီယံအလှည့်ကျဥက္ကဋ္ဌ စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးနှင့်ဇနီးတို့က ဖွင့်ပွဲအခမ်းအနားသို့တက်ရောက်လာသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အာဆီယံနိုင်ငံများမှ နိုင်ငံအကြီးအကဲ များ၊ အစိုးရအဖွဲ့အကြီးအကဲများအား ဖွင့်ပွဲအခမ်းအနား ကျင်းပမည့် Suntec Expo Convention Center အဝင်၌ ကြိုဆိုနှုတ်ဆက်ကြပြီး မှတ်တမ်းတင်ဓာတ်ပုံရိုက်သည်။
-
ထို့နောက် ဖွင့်ပွဲအခမ်းအနားကျင်းပရာ ဖွင့်ပွဲကို အာဆီယံ အထိမ်းအမှတ်သီချင်းဖြင့်ဖွင့်လှစ်ပြီး အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ စင်ကာပူ နိုင်ငံဝန်ကြီးချုပ်က နှုတ်ခွန်းဆက်စကား ပြောကြားသည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ အာဆီယံနိုင်ငံများမှနိုင်ငံအကြီးအကဲ များနှင့် အစိုးရအဖွဲ့ အကြီး အကဲများ စုပေါင်း၍ မှတ်တမ်းတင် ဓာတ်ပုံရိုက်ကြသည်။
-
ထို့နောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် အာဆီယံနိုင်ငံခေါင်းဆောင်နှင့် အတူ ASEAN Business Advisory Council မှ အာဆီယံစီးပွားရေး၊ ရင်းနှီးမြှုပ်နှံမှု အခြေအနေနှင့် အလားအလာများကို အာဆီယံနိုင်ငံ့ ခေါင်းဆောင် များထံတင်ပြသည့် အခမ်းအနားသို့ တက်ရောက်သည်။
-
ဆက်လက်၍ နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် စင်ကာပူနိုင်ငံဝန်ကြီးချုပ် မစ္စတာလီရှန်လုံးက တည်ခင်း ဧည့်ခံသည့် အလုပ် သဘောညစာစားပွဲသို့ တက်ရောက်သည်။
-
ယင်းနောက် နိုင်ငံတော်၏အတိုင်ပင်ခံ ပုဂ္ဂိုလ်သည် (၃၃)ကြိမ်မြောက်အာဆီယံ မျက်နှာစုံညီထိပ်သီး အစည်းအဝေး သို့ တက်ရောက် ဆွေးနွေးသည်။
-
အခမ်းအနားများသို့ အာဆီယံအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရူနိုင်း၊ ကမ္ဘောဒီးယား၊ လာအို၊ မလေးရှား၊ မြန်မာ၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ နိုင်ငံအကြီးအကဲ၊ အစိုးရအဖွဲ့အကြီးအကဲများ၊ ဝန်ကြီးများ၊ ဒုတိယဝန်ကြီးများ၊ အာဆီယံ အတွင်းရေးမှူးချုပ်၊ အာဆီယံဆိုင်ရာအမြဲ တမ်းကိုယ်စားလှယ်များ၊ အဆင့်မြင့်အရာရှိ ကြီးများနှင့် တာဝန်ရှိသူများတက်ရောက်ကြသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment