-
နေပြည်တော် နိုဝင်ဘာ ၁၃
-
ယနေ့ည ၆ နာရီခွဲအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အနောက်အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက်ရှိသော ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော ဆိုင်ကလုန်းမုန်တိုင်း ''ဂါဂျာ''(Gaja)သည် အနောက်ဘက်သို့ ရွေ့လျားခဲ့ပြီး အိန္ဒိယနိုင်ငံ ချင်းနိုင်မြို့ (Chennai)၏ အရှေ့ဘက် မိုင် ၃၆ဝ ခန့်နှင့်နာဂါပတ္တနမ်မြို့(Nagapattinam)၏ အရှေ့-အရှေ့မြောက်ဘက် ၄၁၅ မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေသည်။
-
ဆိုင်ကလုန်းမုန်တိုင်း''ဂါဂျာ'' (Gaja)၏ လက်ရှိအခြေအနေမှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိသဖြင့် အဝါရောင်အဆင့်ဟု သတ်မှတ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနမှ သတင်း ထုတ်ပြန်ထားသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment