Social Icons

Pages

Wednesday, November 14, 2018

မစ္စတာအဂျစ်(စ်)လွိုင်ဇူးအား မြန်မာနိုင်ငံဆိုင်ရာ ဆိုက်ပရပ်စ်နိုင်ငံ သံအမတ်ကြီးအဖြစ် ခန့်အပ်ရန် သဘောတူ

-
နေပြည်တော်      နိုဝင်ဘာ     ၁၃ 
-
နယူးဒေလီမြို့အခြေစိုက် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ဆိုင်ရာ အထူးအာဏာကုန် လွှဲအပ်ခြင်းခံရသော ဆိုက်ပရပ်စ်နိုင်ငံ သံအမတ်ကြီးအဖြစ် မစ္စတာအဂျစ်(စ်) လွိုင်ဇူးအား ခန့်အပ်ရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရက သဘောတူညီပြီးဖြစ်သည်။
-
မစ္စတာအဂျစ်(စ်)လွိုင်ဇူးသည် ၁၉၉ဝ ပြည့်နှစ်တွင် ဆိုက်ပရပ်စ် နိုင်ငံခြားရေးဝန်ကြီး ဌာနသို့ စတင်ဝင်ရောက်ခဲ့သည်။ ၎င်းသည် ၂ဝဝ၉ ခုနှစ်တွင် ဆိုက်ပရပ်စ် နိုင်ငံခြားရေး ဝန်ကြီးဌာန  ပြည်ပရောက်ဆိုက်ပရပ်စ် နိုင်ငံသားများ ရေးရာဌာနတွင်  အကြီးအကဲအဖြစ် လည်းကောင်း၊ ၂ဝ၁ဝ ပြည့်နှစ်မှ ၂ဝ၁၃ ခုနှစ်အထိ တန်ဇန်းနီးယား၊ ယူဂန်ဒါ၊ ဇမ်ဘီယာ၊ ရဝမ်ဒါ၊ ဘူရွန်ဒီနှင့် ဆေးရှဲလ်နိုင်ငံတို့အား ပူးတွဲတာဝန်ယူ ဆောင်ရွက်ရသော ကင်ညာနိုင်ငံဆိုင်ရာ  ဆိုက်ပရပ်စ်နိုင်ငံ မဟာမင်းကြီးနှင့်  ကုလသမဂ္ဂ ပတ်ဝန်းကျင် အစီအစဉ်နှင့် ကုလသမဂ္ဂလူသားများ နေရာချထားရေးဆိုင်ရာ ဆိုက်ပရပ်စ် အမြဲတမ်း ကိုယ်စားလှယ်အဖြစ် လည်းကောင်း၊ ၂ဝ၁၃ ခုနှစ်မှ ၂ဝ၁၄ ခုနှစ်အထိ ဆိုက်ပရပ်စ်နိုင်ငံခြားရေး ဝန်ကြီးဌာနတွင် အာဖရိက-ဆာဟာရရေးရာဌာန အကြီးအကဲအဖြစ်လည်းကောင်း၊ ၂ဝ၁၄ ခုနှစ်မှ ၂ဝ၁၈ ခုနှစ်အထိ ဂျပန်၊ တောင်ကိုရီးယား၊ မြောက်ကိုရီးယား၊ မွန်ဂိုလီးယား၊ ကမ္ဘောဒီးယားနှင့် လာအိုနိုင်ငံတို့အား ပူးတွဲတာဝန်ယူ ဆောင်ရွက်ရသော တရုတ်နိုင်ငံဆိုင်ရာ ဆိုက်ပရပ်စ်နိုင်ငံ သံအမတ်ကြီးအဖြစ် လည်းကောင်း တာဝန်အသီးသီး ထမ်းဆောင်ခဲ့သည်။  ၂ဝ၁၈  ခုနှစ်တွင် ဘင်္ဂလားဒေ့ရှ်၊ မလေးရှား၊ မော်လ်ဒိုက်၊ နီပေါ၊ သီရိလင်္ကာ၊ ထိုင်းနှင့်ဗီယက်နမ်နိုင်ငံ တို့ကို ပူးတွဲ တာဝန်ယူထားသော အိန္ဒိယနိုင်ငံဆိုင်ရာ ဆိုက်ပရပ်စ် မဟာမင်းကြီးအဖြစ် တာဝန်ယူ ဆောင်ရွက်လျက်ရှိသည်။ မစ္စတာအဂျစ်(စ်)လွိုင်ဇူးသည် ဂရိ၊ အင်္ဂလိပ်၊ ဂျာမနီ၊ စပိန်၊ ပြင်သစ်၊ အီတာလျံနှင့် ပေါ်တူဂီဘာသာစကားများကို တတ် ကျွမ်းသည်။   
-
 (သတင်းစဉ်)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...