Social Icons

Pages

Thursday, November 15, 2018

38TH CISM WORLD JUDO CHAMPIONSHIP ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် ဂျူဒို အားကစား အဖွဲ့ ပြန်လည် ရောက်ရှိ

38th CISM World Judo Championship ပြိုင်ပွဲသို့ သွားရောက်ယှဉ်ပြိုင်ခဲ့သည့် မြန်မာ့တပ်မတော် ဂျူဒို အားကစား အဖွဲ့ ပြန်လည် ရောက်ရှိ
-
နေပြည်တော် နိုဝင်ဘာ ၁၄ 
-
ဘရာဇီးနိုင်ငံ Rio De Janeiro မြို့တွင် ကျင်းပပြုလုပ်သည့် 38th CISM World Judo Championship ပြိုင်ပွဲသို့ သွားရောက် ယှဉ်ပြိုင်ခဲ့သည့် တပ်မတော် ဂျူဒိုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးကြီး သန်းနိုင်ဝင်း ဦးဆောင်သော မြန်မာ့ တပ်မတော် ကိုယ်စားပြု ဂျူဒို လက်ရွေးစင် အသင်းသည် ယနေ့နံနက်ပိုင်းတွင် ဘရာဇီးနိုင်ငံမှ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်သို့ရောက်ရှိကြရာ ရန်ကုန်တိုင်း စစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် တင်စန်းနိုင်နှင့် တပ်မတော် အရာရှိကြီးများက လေဆိပ်တွင် ကြိုဆို နှုတ်ဆက်ကြသည်။
-
အဆိုပါဂျူဒို အားကစားအဖွဲ့တွင် အုပ်ချုပ်သူ နည်းပြ ငါးဦးနှင့် အားကစားသမား ကိုးဦးပါဝင်ပြီး ပြိုင်ပွဲ အမျိုးအစားများ အနေဖြင့် တစ်ဦးချင်းပြိုင်ပွဲ၊ အသင်းလိုက်ပြိုင်ပွဲများ ပါဝင်ကာ ပြိုင်ပွဲကို နိုဝင်ဘာ ၈ ရက်မှ ၁ဝရက်အထိ ယှဉ်ပြိုင်ခဲ့ပြီး ကမ္ဘာ့ အဆင့်ပြိုင်ပွဲဝင် ၂၂ နိုင်ငံအနက် အဆင့် ၁၆ ရရှိခဲ့ကြောင်း သတင်းရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...