-
နေပြည်တော် နိုဝင်ဘာ ၁၄
-
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ် (ဌာနေ) တပ်ဖွဲ့ဝင်များအား နိုဝင်ဘာ ၁၃ ရက် ညနေပိုင်းတွင် အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ်လင်းအောင်နှင့် အဖွဲ့ဝင်များက တောင်ကြီးမြို့ရှိ PNO အသွင်ပြောင်း ပြည်သူ့စစ်(ဌာနေ) ဆက်ဆံရေးရုံး၌ သွားရောက်တွေ့ဆုံသည်။
-
ဦးစွာ တိုင်းမှူးက အမှာစကားပြောကြားပြီး တာဝန်ရှိသူများက လုပ်ငန်းဆောင်တာများအား ရှင်းလင်းပြောကြားကြသည်။ ထို့နောက် တိုင်းမှူးက ပြည်သူ့စစ်(ဌာနေ) တပ်ဖွဲ့ဝင်များ၏ တင်ပြချက်များအပေါ် ညှိနှိုင်းဆောင်ရွက်ပေး ကာ စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့ကြောင်း သတင်း ရရှိသည်။
-
#မြ၀တီနေ့စဉ်သတင်းစာ
No comments:
Post a Comment