Social Icons

Pages

Monday, October 15, 2018

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်

နေပြည်တော်တိုင်း စစ်ဌာနချုပ် တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲ ဖွင့်ပွဲ ပြုလုပ်
နေပြည်တော် အောက်တိုဘာ ၁၄
-
နေပြည်တော်တိုင်း စစ်ဌာနချုပ်၏ ၂ဝ၁၈ ခုနှစ်၊ တိုင်းမှူးဒိုင်း သေနတ်ပစ်ပြိုင်ပွဲဖွင့်ပွဲကို ယနေ့ညနေပိုင်းတွင် ဥတ္တရသီရိတပ်နယ်၊ နယ်မြေခံတပ် စက်ပစ်ကွင်း၌ပြုလုပ်ရာ တိုင်းမှူး ဗိုလ်ချုပ်မြင့်မော်နှင့်   အရာရှိ၊ စစ်သည်၊ မိသားစုများနှင့် ပြိုင်ပွဲဝင် အားကစားသမားများ တက်ရောက်ကြသည်။
-
ဦးစွာ တိုင်းမှူးက အဖွင့်အမှာစကား ပြောကြားသည်။ ထို့နောက် တက်ရောက် လာကြသူများနှင့်အတူ ပြိုင်ပွဲဝင်အသင်းများ၏ ပထမနေ့ ပွဲစဉ်ယှဉ်ပြိုင် ပစ်ခတ်မှုများကို ကြည့်ရှု အားပေးကြသည်။
-
အဆိုပါသေနတ်ပစ်ပြိုင်ပွဲကို  တိုင်းစစ်ဌာနချုပ် ကွပ်ကဲမှုအောက်    တပ်ရင်း/ တပ်ဖွဲ့များမှ ပြိုင်ပွဲဝင်အသင်း ၁၉ သင်းဖြင့် အောက်တိုဘာ ၂၂ ရက်အထိ ပြုလုပ်သွားမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ 

(၁ဝဝ)
-
#မြ၀တီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...