Social Icons

Pages

Tuesday, September 25, 2018

အိန္ဒိယ ရေတပ်မှ စစ်ရေယာဉ်နှစ်စင်း ချစ်ကြည်ရေးခရီး ရောက်ရှိ




နေပြည်တော် ၂၅-၉-၂ဝ၁၈

အိန္ဒိယရေတပ်မှ စစ်ရေယာဉ် INS KULISH(P-63) နှင့် INS BATTI MALV (T-67) တို့သည် ပြည်ထောင်စု သမ္မတမြန်မာ နိုင်ငံတော်သို့ ချစ်ကြည်ရေး ခရီးလည်ပတ်ရန် အတွက် ယနေ့ မွန်းလွဲပိုင်းတွင် ရန်ကုန်မြို့၊ သီလဝါ ဆိပ်ကမ်း MITT တံတားသို့ ရောက်ရှိလာရာ တပ်မတော်(ရေ)မှ အရာရှိကြီးများ၊ အရာရှိ၊ စစ်သည် များနှင့် မြန်မာနိုင်ငံ ဆိုင်ရာ အိန္ဒိယရေတပ် စစ်သံမှူးတို့က ကြိုဆို နှုတ်ဆက်ကြသည်။ 

အဆိုပါ ရေယာဉ်များအား အိန္ဒိယရေတပ်မှ Naval Component Commander (Andaman and Nicobar) ဖြစ်သူ Commodore Ashustosh Ridhorkar ဦးစီး၍ အရာရှိ ၂၁ ဦး၊ အခြားအဆင့် ၁၇၇ ဦး၊ စုစုပေါင်း ၁၉၈ ဦး လိုက်ပါလာပြီး မြန်မာနိုင်ငံတွင် စက်တင်ဘာ ၂၆ရက်ထိ သုံးရက်ကြာ နေထိုင်၍ လေ့လာ လည်ပတ် သွားမည်ဖြစ် ကြောင်း သတင်း ရရှိသည်။ 

# မြဝတီနေ့စဉ်သတင်းစာ

No comments:

Post a Comment

Related Posts Plugin for WordPress, Blogger...